27 C
Yangon

Breaking News- မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ပစ်ချ

Must read

ရန်ကုန်၊ ဇွန် ၂၃

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ယနေ့ ပစ်ချလိုက်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့တွင် Mi 17 တစီးကို တော်လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့ကြောင်း၊ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF ကသတင်းထုတ်ပြန်သည်။

“ဒီနေ့ ပစ်ချနိုင်ခဲ့တာပါ။ မြိုင်နယ်တနေရာမှာပါ။ ထိခိုက်သေဆုံးတာတွေကို မြေပြင် စစ်ကြောင်း အခြေအနေရှင်းတာနဲ့ အသေးစိတ်ထုတ်ပြန်မှာပါ” ဟု Magway People’s Defense Force – Magway PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်းသို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ်ပျက်ကျသွားကြောင်း အကြမ်းဖက်စစ်တပ်၏ အတည်ပြု အကြောင်းကြားသော သတင်းအချက် အလက်များ ရရှိထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုသည်။

“ကျနော်တို့သိသလောက်တော့ ကိုယ့်ဘက်က ဆော်လိုက်တာ ရဟတ်ယာဉ်လည်း ပျက်ကျတယ်။ ပစ်ချလို့ ပျက်ကျတာတော့သေချာတယ်။ Mi-17 ရဟတ်ယာဉ်ပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article