25 C
Yangon

မြ၀တီတွင် တိုက်ပွဲပြင်းထန်နေ၍ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းလေပိုင်နက်တွင် F-16 တိုက်လေယာဥ် တချို ပျံသန်း၍ ထိုင်းလေတပ်က ကင်းလှည့်

Must read

ရန်ကုန်၊ မတ်၁၅

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းလေပိုင်နက်တွင် F-16 တိုက်လေယာဥ် တချို ပျံသန်း၍ ထိုင်းလေတပ်က ကင်းလှည့်မှုများရှိကြောင်း ထိုင်းသတင်းရင်းမြစ်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

“ဒီနေ့ မနက်ပိုင်းမှာ ထိုင်းတော်ဝင်လေတပ်ကနေ F-16 တိုက်လေယာဉ်တချို ကင်းလှည့်ပျံသန်းတာရှိပါတယ်။ မြန်မာဘက်အခြမ်းမှာ လေယာဉ်တွေနဲ့ ဗုံးကျဲတာတွေ၊ လက်နက်ကြီးပစ်တာတွေ မနေ့ညပိုင်းရော၊ ဒီမနက်ရော တောက်လျှောက်ရှိနေလို ထိုင်းဘက်ကနေ လေကြောင်းလှည့်မှုတွေ လုပ်တယ်လို သိရပါတယ်” ဟု ထိုင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြိုနယ်တွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း – ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာ၊ တပ်ရင်းတပ်ဖွဲများကို KNLA ပူးပေါင်းတပ်ဖွဲများက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ခမရ ၃၅၅ ၊ ဖူးစခန်း သင်္ဃန်းညီနောင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယနေ့ အထိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် တပ်ရင်းများကို တော်လှန်ရေးတပ်ဖွဲများက ဆက်လက် တိုက် ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ ယနေ့တွင်လည်း စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်အနီး မြ၀တီမြိုနယ်ထဲတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိုင်းတပ်မတော်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းဘက်ခြမ်း မြိုနယ် ၅ ခုတွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားပြီး ကင်းလှည့်နေကြောင်း ထိုင်းမီဒီယာ Mae Sot က မတ်လ ၉ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုနယ်အပါအဝင် အုန်းဖန်မြိုနယ်၊ ဖိုဖတ်မြိုနယ်၊ မယ်လမတ်မြိုနယ်နှင့် ထာ့ဆောင်ရမ်းမြိုနယ်များကို ထိုင်းတော်ဝင်တပ်မတော်မှ မတ်လ ၉ ရက်နေ့မှစတင်၍ လုံခြုံရေးတိုးမြှင့်ချထားကြောင်း၊ ယင်းအပြင် နေ့စဉ်ကင်းလှည့် စစ်ဆေးမှုများကိုပါ အရှိန်အဟုန်မြှင့် ပြုလုပ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article