25 C
Yangon

မင်းလှ၊ ဟိုင်းယုရွာကို စစ်တပ်က ပိတ်ဆိုပြီး ရွာကို ဒရုန်းဖြင့် နေ့စဉ် ဗုံးကျဲမှု နေအိမ်များ မီးလောင် ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ မင်းလှမြိုနယ်၊ ဟိုင်းယုရွာကို အကြမ်းဖက် စစ်တပ်က အင်အား အများအပြားဖြင့် ပိတ်ဆိုထားပြီး ရွာကို ဒရုန်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီး နေကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီက စတင်ပြီး အကြမ်းဖက် စစ်တပ်က ဟိုင်းယုကျေးရွာကို အင်အား ၁၀၀၀ ခန့်ဖြင့် ပိတ်ဆိုထားပြီး ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားကာ နေပြည်တော် စစ်ကောင်စီ စစ်ရုံးမှ အထူးတပ်ဖွဲဦးဆောင်၍ ဒရုန်း ၄ စီးဖြင့် ကျေးရွာအတွင်းကို ယနေ့ မတ်လ ၁၅ ရက်နေ့ထိ နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဟိုင်းယုကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များ၊ စာသင်ကျောင်း၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကျဲ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာထဲတော့ မဝင်ရဲဘူး။ ရွာပြင်ကနေ လက်နက်ကြီးတွေနဲ့ထုတယ်။ ၁၂ ရက်နေ့ ညနေ ၃ နာရီလောက်ကစပြီး ဒရုန်း၄ စီးနဲ့ စာသင်ကျောင်းကို အရင်ဆုံး ဗုံးစကျဲတာ ဟိုင်းယုကျေးရွာ အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေကို ဆက်တိုက် ဗုံးကျဲချနေတာ ကျေးရွာအတွင်း မီးလောင်နေပါတယ်။ နေပြည်တော် စကစ စစ်ရုံးက အထူးတပ်ဖွဲဦးဆောင်ပြီး ဟိုင်းယုရွာကို ပိတ်ဆိုထားတယ်။ ဆက်သွယ်ရေးလိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမရှိ ဟိုင်းယုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ် ဘက်မှ ၈၀ ကျော်သေဆုံးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟိုင်းယုကျေးရွာ ပစ်မှတ်ထား ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်များက ဒရုန်းများဖြင့် ကျေးရွာများကို ဗုံးကျဲနေစဉ် ။
(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်များက ဒရုန်းများဖြင့် ကျေးရွာများကို ဗုံးကျဲနေစဉ် ။
(ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article