25 C
Yangon

ဆီဆိုင်၊ ထမ်းယံရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကျဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးပြီး ကိုရင် ၂ ပါး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ်လ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်၊ ထမ်းယံရွာ ဘုန်း ကြီး ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယနေ့မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဆီဆိုင်မြိုနယ်၊ ထမ်းယံကျေးရွာ ဘုန်း တော်ကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ငြဖ့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ သာမဏေ ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်း ကြီးအပါအဝင် ကျောင်းဆောင် ၂ ဆောင် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျ‌နော်တို PNLAလုပ်ရှားရာ နယ်မြေမဟုတ်သလို ဘယ်ဝောာ်လှန်ရေးတပ်သားမှလည်း မရှိဘူး။ ထမ်းယံမှာ ဘုန်းကြီးကျောင်းကိုပဲ စစ်တပ်က တမင်ရွေးပြီး ဗုံးကျဲဖျက်ဆီးတာ” ဟု PNLA မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုပြင် ဘုန်းတော်ကြီးကျောင်းနှင့်နီးကပ်သည့် နေအိမ်များသည်လည်း ပြတင်းပေါက်များ တံခါး များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဉ်နေ့တိုင်း ပအိုဝ်းဒေသကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထိုအပြင် ယမန်နေ့ မတ်လ ၁၄ ရက်နေ့ကလည်း ဘုရားပင့်ဆောင်သည့် ဒေသနေပြည်သူများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ရာ ဘုရားပင့်ဆောင်သည့် ဒေသနေပြည်သူအချို ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article