30 C
Yangon

မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာရှိ စစ်ကောင်စီ ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာရှိ စစ်ကောင်စီ ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာရှိ အကြမ်းဖက် စစ်ကောင်စီ ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း – MDA-3 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနှင့် ညီနောင်မဟာမိတ်များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒု-တပ်ကြပ် ၁ ဦး သေဆုံးခဲ့ပြီး ပျူစောထီး ၁ ဦးနှင့် တပ်ကြပ် ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း – MDA-3 ၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ MGN Ranger-မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များ ထိခိုက် ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article