30 C
Yangon

ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံ၊ တောင်ကြီးတွင် စစ်မှုထမ်းခေါ်ယူမည့် အစည်းအဝေး အိမ်တိုင်း မပျက်မကွက်တက်ရန် ဆင့်ခေါ်

Must read

ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံ၊ တောင်ကြီးတွင် စစ်မှုထမ်းခေါ်ယူမည့် အစည်းအဝေး အိမ်တိုင်း မပျက်မကွက်တက်ရန် ဆင့်ခေါ်

ရန်ကုန်၊ မတ် ၁၆

မကွေးတိုင်းပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များကို မဲနှိုက် ရွေးချယ်ခဲ့ကြောင်း၊ ရွေးချယ်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမည့် လူငယ်များကို လစဉ်ထောက်ပံ့ရမည်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀ လစဉ်ကောက်ခံကြောင်း သိရှီရသည်။

“မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ မင်းမြေအုပ်စု၊ မင်းမြေကျေးရွာမှာ စစ်မှု ထမ်းဖို့ဆိုပြီး လူငယ်တွေကို မဲနှိုက်ပါတယ်။ အဲဒါပြဿနာမရှိပေမယ့် အခု တစ်အိမ်ထောင်ကို ငွေကျပ် ၅၀၀၀ နှုန်း ပေးရပါတယ်။ စစ်ထဲဝင်မယ့် လေးကိုထောက်ပံ့ဖိုဆိုပြီးအတင်းအကျပ်ကောက်နေပါတယ်။ စစ်မှုထမ်းမယ့် ကလေးတွေကိုထောက်ပံ့ဖို့ဆိုပြီးကောက်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မကွေးတိုင်း၊ မြို့နယ်များရှိ ကျေးရွာများတွင်လည်း ယင်းကဲ့သို့ စစ်မှုထမ်းမည့် လူငယ်များအတွက်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ငွေများ အတင်းအကျပ် လစဉ် ကောက်ခံရန် စီစဉ်နေကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရပ်ကွက်များတွင် ယနေ့ မတ်လ ၁၆ ရက်နေ့ အိမ်တိုင်းမှ အိမ်ထောင်ဦးစီးများကို ရပ်ကွက်ရုံးများသို့ ဆင့်ခေါ်ပြီး စစ်မှုမထမ်းမနေရ ဥပဒေအရ လူငယ်အားလုံး စစ်မှုထမ်းကြရေး အစည်းအဝေးများသို့ မဖြစ်မနေ တက်ခိုင်း နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article