31 C
Yangon

မုံရွာမြို့နယ်နှင့် ဆားတောင်မြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ရော့ကတ် ဒရုန်းများဖြင့် တိုက်ခိုက်

Must read

မုံရွာမြို့နယ်နှင့် ဆားတောင်မြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ရော့ကတ် ဒရုန်းများဖြင့် တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံ အမြောက်တပ်အတွင်းသို့ ရော့ကတ် လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၄ တပ်ရင်း – Chindwin Attack Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၄ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချန်ခန့်က မုံရွာမြို့နယ်၊ ကျောက်စစ်ပုံ၌ အထိုင်ချထား သော အမတ ၅၀၈ တပ်အား ရော့ကတ် အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ထဲသို့ကျ ရောက်‌ ပေါက်ကွဲပြီး မီးလောင်ခဲ့ကာ အကြမ်းဖက် စစ်ကောင် စီ တပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီးဖြင့် ၂ ကြိမ် ပြန်လည် ပစ် ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၄ မှ ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa the Boys) ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၂ Monywa Commando Force ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers Defence Force PDF ၊ မုံရွာခရိုင်တပ်ရင်း ၃ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ညနေ ၂ နာရီခန့်တွင် ဆားတောင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို YOUNG WOLF Local PDF အဖွဲ့က Fixwings Dorne ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေဆုံးမှုတော့ မသိရေသေးဘူး။ ၂ ကောင် ပြင်းထန် ဒဏ်ရာရတယ်လို့တော့ သိရတယ်” ဟုYOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article