34 C
Yangon

ကလေးမြို့မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Mi35 ရဟတ်ယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်

Must read

ကလေးမြို့မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Mi35 ရဟတ်ယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်းမှာ ဒီကနေ့ မတ်လ ၁၆ ရက်နေ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေအပြင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါ တရစပ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေငပြောပါတယ်။

ဒီတစ်ခါဖြစ်တာက မြို့ထဲကနေ အသံတွေအတိုင်းသားကြားနေရတာ။ နီးလည်းနီးတယ်။ မြို့ထဲကနေ မနက်စောစောလက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ လေကြောင်းကနေ ဆယ်ကြိမ်လောက်ပစ်ခတ်တယ်” လို့ ကလေးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကလေးမြို့ရဲ့ မြောက်ဘက် ဆယ်မိုင်အတွင်းမှာရှိတဲ့ ဆည်တော်ဦး၊ကျောင်းတိုက်၊ပျဉ်းခုံလေးကျေးရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီမနက် ၃ နာရီအချိန်ကစလို့ မနက် ၁၀ နာရီခွဲလောက်အထိ ပစ်ခတ်သံတွေကြားနေခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နှစ်ဖက်တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့ထိခိုက်ပျက်စီးတယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

မတ်လ ၁၄ရက်နေ့ကလည်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးထိမှန်မှုကြောင့် လက်ပံချောင်းရွာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၆ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article