25 C
Yangon

ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းမှ ဥပဒေ သင်တန်းသား ဗိုလ်မှူးချုပ်တင်စိုးနှင့် ငြိစွန်းနေသည့် အမျိုးသမီးငယ်ကို ဗိုလ်မှူးချုပ်ဇနီးများက ၀ိုင်းရိုက်မှု လျှော်ကြေးပေး၍ အမှုမလုပ်ရန် ကျေအေးခိုင်း

Must read

ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းမှ ဥပဒေ သင်တန်းသား ဗိုလ်မှူးချုပ်တင်စိုးနှင့် ငြိစွန်းနေသည့် အမျိုးသမီးငယ်ကို ဗိုလ်မှူးချုပ်ဇနီးများက ၀ိုင်းရိုက်မှု လျှော်ကြေးပေး၍ အမှုမလုပ်ရန် ကျေအေးခိုင်း

ရန်ကုန်၊ မတ် ၁၇

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းတွင် ဥပဒေသင်တန်းတက်ရောက်နေသည့် ဗိုလ်မှူးချုပ် တင်စိုးနှင့် ငြိစွန်းသည့် အမျိုးသမီးငယ်ကို ဗိုလ်မှူးချုပ်ကျော်စိန်ထွန်း၏ ဇနီး ၊ ဗိုလ်မှူးချုပ် တင်စိုးတို့၏ ဇနီး အပါအဝင် အရာရှိကြီးများ၏ ဇနီး ၄ ဦးက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်နေသော တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်း၏ ဥပဒေရေးရာသင်တန်းတွင် ဗိုလ်မှူးချုပ် တင်စိုးနှင့် ဗိုလ်မှူးချုပ် ကျော်စိန်ထွန်းတို့ လာရောက် တက်ကြောင်း၊ ထိုသို့ တက်နေစဉ် ဂေါက်ကွင်းမှ ကယ်ရီအလုပ်သမား အမျိုးသမီးငယ်တစ်ဦးနှင့် ဗိုလ်မှူးချုပ်တင်စိုးတို့ ငြိစွန်းကြကြောင်း၊ ဗိုလ်မှူးချုပ်တင်စိုးက အဆိုပါ အမျိုးသမီးငယ်ကို ဟိုတယ်သို့ မကြာခဏ ခေါ်ယူ၍ လစဉ် ထောက်ပံ့ကြေးပေးကာ ပျော်ပါးကြောင်း၊ ထို့နောက် ဗိုလ်မှူးချုပ် တင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာမြင့်က ခင်ပွန်းဖြစ်သူထံ လာရောက်စဉ် မိုဘိုင်းလ်ဖုန်းအတွင်းတွင် ဗိုလ်မှူးချုပ်တင်စိုးနှင့် ဂေါက်ကွင်းကယ်ရီ အမျိုးသမီးငယ်တို့ အပြန်အလှန် ပြောဆိုမှုများကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဗိုလ်မှူးချုပ်တင်စိုး၏ ဇနီး ဒေါ်ခင်စန္ဒာမြင့်က ခင်ပွန်းဖြစ်သူ၏ ဖုန်းမှတစ်ဆင့် ဂေါက်ကွင်းကယ်ရီ အမျိုးသမီးငယ်ကို ဟိုတယ်တစ်ခုသို့ လာရန်ချိန်းဆိုလိုက်ကြောင်း၊ ယင်းနောက် ဗိုလ်မှူးချုပ် တင်စိုး၏ ဇနီး ဒေါ်ခင်စန္ဒာမြင့်၊ ဗိုလ်မှူးချုပ်ကျော်စိန်ထွန်း၏ ဇနီး ဒေါ်မျိုးမျိုးမြင့် အပါအဝင် အရာရှိကြီးများ၏ ဇနီး ၄ ဦးတို့က ဂေါက်ကွင်းကယ်ရီ အမျိုးသမီးကို ဖမ်းဆီးခဲ့ကြကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် ပြင်ဦးလွင်အပြင်ဘက်ရှိ ဌေးဌေးကြွယ်ပျိုးခြံအတွင်းသို့ ခေါ်ဆောင်သွားပြီး သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ကြကြောင်း သိရှိရသည်။

“ဗိုလ်မှူးချုပ်တင်စိုးရဲ့ မိန်းမ ဒေါ်ခင်စန္ဒာမြင့်နဲ့ ဗိုလ်မှူးချုပ်ကျော်စိန်ထွန်းရဲ့ မိန်းမ ဒေါ်မျိုးမျိုးမြင့်တို့က ညီအစ်မတွေ။ အဲဒါ ဗိုလ်မှူးချုပ်တင်စိုးနဲ့ ဖြစ်နေတဲ့ အမျိုးသမီးငယ်ကို ဗိုလ်မှူးချုပ် ကတော် ၄ ဦးက ၀ိုင်းရိုက်ကြတာ။ ပြင်ဦးလွင် အပြင်မှာရှိတဲ့ ဌေးဌေးကြွယ် ပျိုးခြံထဲကို ခေါ်ပြီး ရိုက်တာ။ သေလုမျောပါးပဲ ။ ဌေးဌေးကြွယ် ပျိုးခြံဆိုတာကလည်း အဲဒီ ဗိုလ်မှူးချုပ်ကတော် ဒေါ်ခင်စန္ဒာမြင့်တို့ရဲ့ အမျိုးပိုင်တာပဲ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

ထို့နောက် ဂေါက်ကွင်းကယ်ရီအမျိုးသမီးငယ်ကို ဗိုလ်မှူးချုပ်ကတော်များက ကားပေါ်တင် ဖမ်းဆီးသွားကြောင်း ဟိုတယ်က ဗိုလ်မှူးချုပ်တင်စိုးထံသို့ သတင်းပေးပို့ကြောင်း၊ ထို့ကြောင့် ဗိုလ်မှူးချုပ် တင်စိုး၊ ဗိုလ်မှူးချုပ်ကျော်စိန်းထွန်းတို့က အမျိုးသမီးငယ်ကို ဖမ်းဆီထားသော ဌေးဌေးကြွယ် ပျိုးခြံသို့ အမြန်သွားရောက်ကာ အမျိုးသမီး ငယ်ကို ပြန်လွှတ်ပေးပြီး ရဲစခန်းမတိုင်ကြားရန်နှင့် လျှော်ကြေးငွေများ ပေး၍ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article