37 C
Yangon

ကလေးမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

Must read

ကလေးမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းခုံလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ ပျဉ်းခုံလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပျဉ်းခုံလေးကျေးရွာမှ အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအ၀င် ဒေသနေ ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်း ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျဉ်းခုံလေး၊ နတ်ကြီးကုန်း၊ နန်းချောင်း၊ လက်ပံချောင်း စသည့် ကျေးရွာများမှ လူနေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကလေးမြို့ မြောက်ပိုင်းရှိ ပျူစောထီးရွာ ဖြစ်သော ကျောင်းတိုက်ကျေးရွာကို မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၃ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ကလေးမြို့ မြောက်ဘက်တွင် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article