35 C
Yangon

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ ထိန်း ချုပ်နယ်မြေများတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ် စတင်မည်ဟု RCSS ဥက္ကဋ္ဌ ယွက်ဆစ်ပြော

Must read

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ ထိန်း ချုပ်နယ်မြေများတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ် စတင်မည်ဟု RCSS ဥက္ကဋ္ဌ ယွက်ဆစ်ပြော

ရန်ကုန်၊ မတ် ၁၇

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့ ကထိန်းချုပ်ထားသော နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်သွားမည်ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကပြောကြား သည်။

ယနေ့ မတ်လ ၁၇ ရက်နေ့မှစ၍ မတ်လ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိ သော တစ် နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit) အဖွင့်နှုတ်ဆက် မိန့်ခွန်းစကားပြောကြားရာတွင် သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးတွေမှာ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အုပ်ချုပ် ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသတွေမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန် ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ တဖက်တွင်လည်း မိမိတို့ (၇)ဖွဲ့ကြားမှာ တူတာတွဲလုပ်၊ မတူတာ ခွဲလုပ် ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။” ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးသို့ KNU ဥက္ကဌ ဟောင်းဗိုလ်ချုပ်ကြီး စောမူစေးဖိုး အပါအဝင် အဖွဲ့အစည်း သီသီးမှ ခေါင်းဆောင်များ၊ ကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြောင်း၊ ယင်းမျက်နှာစုံညီအစည်းအဝေးတွင် ပြင်ဆင်ရေးအလုပ် အဖွဲ့ က အဖွဲ့ ၇ ဖွဲ့၏ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားသည့် နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များ (မူ ကြမ်း)နှင့် စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) တို့ကို အကြေအလည်ဆွေးနွေးပြီး အတည် ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)ကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ဒီ အစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်ခြင်း အပါအဝင် အခြားအရေးပါတဲ့ အကြောင်း အရာတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးပါက ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာစွာလိုက်နာဆောင်ရွက်နိုင်မှသာ အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဆက်လက်ပြောဆိုသည်။

နိုင်ငံရေး၊ စစ်ရေး အခြေအနေများသည် နေ့စဉ်နှင့် အမျှပြောင်းလဲနေပြီး ယခုတွေ့ဆုံသည့် အဖွဲ့ ၇ ဖွဲ့ ထဲမှ တချို့အဖွဲ့များသည် စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ တိုက်နေမှုသည် လက်ရှိ အခြေအနေကို မီးမောင်းထိုးပြခြင်းဖြစ်ပြီး လက်ရှိအခြေအနေသည် ထိလွယ်ရှလွယ်သည့် အနေအ ထားတွင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယနေ့ကာလသည် နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်သည့် အနေအထား၌ရှိကာ မိမိတို့ အဖွဲ့ ၇ ဖွဲ့အနေဖြင့် EAO ၁၂ ဖွဲ့က လက်ခံထားသည့် ဖက်ဒရယ်မူကို စွဲကိုင်ကာ ရှေ့ခရီးကို ဆက် လက် ချီတက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article