25 C
Yangon

ရေဦးမြို ထွေ/အုပ်ရုံးတွင် စစ်မှုထမ်းဥပဒေအရ လူငယ်များကို တပ်ထဲ ခေါ်ယူရေး အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲဝင်များ သေဆုံးထိခိုက်မှု များပြား

Must read

ရန်ကုန်၊ မတ်လ ၁၉

စစ်ကိုင်းတိုင်း၊ ရေမြိုပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်မှုထမ်းဥပဒေအရ လူငယ်များကို တပ်ထဲ ခေါ်ယူရေး အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၊ ပျူစောထီး ၁၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၁၇ ရက်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်က ရေဦးမြိုအထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ရေဦးမြိုနယ် ဗျူဟာမှူးဖြိုးထက်ဝင်းအပါအဝင် အရာရှိကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများ ပူးပေါင်းပြီး ပြည်သူကို အတင်း အဓမ္မစစ်မှုထမ်းခိုင်းရန် အစည်းအဝေးပြုလုပ်နေစဉ် Fixed Wings Drone ၂ စီး ဖြင့် ဗုံးသီး ၄ လုံး ကျဲ ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၊ ပျူ၊ အုပ် ကြီးတိုအပါအဝင် ၁၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗျူဟာမှူး ဖြိုးထက်ဝင်းအပါအဝင် အရာရှိပိုင်း ၄ ဦး၊ စစ်သား၊ ပျူ အင်အား ၅၀ နဲ့ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေ စစ်မှုမထမ်းမနေရ အကြောင်းကို အစည်းအဝေးလုပ်တာ၊ ရေဦးမြိုအထွေထွေအုပ်ချုပ် ရေးမှူးရုံး၊ ရေစင်ကို ကာဗာယူပြီးတော့ လုပ်တဲ့ အစည်းအဝေး၊ အဲဒါကိုဗုံးကျဲခဲ့တာက ဒီနေ့မနက်မှာ သတင်းရတာက စစ်ခွေးအစစ် ၅ ကောင်အပါအဝင်၊ ပျူရော၊ အုပ်ချုပ်ရေးမှူးထဲကရော စုစုပေါင်း ၁၃ ဦးသေတယ်၊ ဒီနေ့ ရေဦးမြိုအထွက်က သင်္ချိုင်းကုန်းမှာ မသာချမယ်။ အရာရှိကြီးပိုင်း ပါမပါတော့ မသိရဘူး၊ ဒါပေမယ့် ဗုံးစထိမှန်တဲ့ဟာတော့များတယ်။” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ် ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF တပ်ဖွဲမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article