ရန်ကုန်၊ မတ် ၁၉
မန္တလေးမြိုတွင် စစ်ကောင်စီပိုင် ရတနာပုံခန်းမဘက်မှ အလွန်ပြင်းထန်သော ပေါက်ကွဲသံထွက်ပေါ်လာပြီး ပြည်သူအများစုကြားလိုက်ရကြောင်း မန္တလေးဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ၊ မန္တလေးမြို၊ ၇၈လမ်း×၃၈လမ်း ရတနာပုံ ခန်းမဘက်မှအလွန် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ကြောင်း၊ နေအိမ်များပင် တုန်ခါသွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“အိမ်တောင်တုန်သွားတယ်။ မိုးခြိမ်းသံလိုပဲ။ အသံက အရမ်းကို ကျယ်လွန်းတယ်။ လန့်တောင် နိုးသွားတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
မန္တလေးမှ တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ စစ်ကောင်စီပိုင် ရတနာပုံခန်းမကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည်ဟု ကြားသိရကြောင်း၊ ပြည်သူများ၏ သတင်းပေးပိုမှုများ ရရှိထားကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသည်ဟု သိရှိရကြောင်း၊ အသေးစိတ်အခြေအနေများကိုမူ သက်ဆိုင်ရာ မစ်ရှင်လုပ်သည့် အဖွဲက ထုတ်ပြန်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုစစ်ကောင်စီပိုင် ရတနာပုံခန်းမသည် ၂၀၂၁ ခုနှစ် မေလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သော ခန်းမလည်းဖြစ်သည်။
ထိုပြင် မန္တလေးမြို၊ မဟာအောင်မြေမြိုနယ်တွင် စစ်မှုထမ်းရန် လူငယ်များကို လိုက်လံ စည်းရုံးနေသော စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို လက်ပစ်ဗုံးသွင်း တိုက်ခိုက်ခဲ့ကြောင်း Mandalay UG Wolf ARMY အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် မဟာအောင်မြေမြိုနယ်ရှိ စစ်မှုထမ်းရန် လူငယ်များကို လိုက်လံ စည်းရုံးနေသော စစ်ကောင်စီ တပ်သားများရှိရာ စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို Mandalay UG Wolf ARMY အဖွဲက လက်ပစ်ဗုံး ၁ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မန္တလေး ၇၄ လမ်း၊ ၇၅လမ်း၊ ၃၇ လမ်းပေါမှာရှိတဲ့ စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးထဲမှာ လူငယ်တွေကို စစ်မူထမ်းဖို လိုက်လံ ပြောကြားနေတဲ့ စစ်ခွေးတွေရှိတဲ့ ရပ်ကွက်ရုံးကို အသီး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Mandalay UG Wolf ARMY အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar