25 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၅ ရက်နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ မကျည်းစုကျေးရွာကို မီးရှို့ပြီး ဖြူတွင်းကုန်း ကျေးရွာမှ တဆင့် နှပ်ချိုတောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ပါ ခြေ လျင်စစ်ကြောင်းကို ပဒေသာမိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဖြူတွင်းကုန်းကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ မတ်လ ၁၆ ရက်နေ့တွင် ပြည်သူလူထုပိုင်လှည်းများကို ချောဆွဲပြီး မိုင်းကွင်းများကို ရှောင်ကွင်းကာ နှပ်ချိုတောကျေးရွာဘက်သို့ ဝင်ရောက်ကာ ညအိပ်စခန်းချရပ်နားခဲ့ကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းပြန်လည် ထွက်ခွာရန် နှပ်ချိုတောကျေး ရွာမှ ဆိုင်ကယ် ၃ စီးဖြင့်‌ ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲ ၇ ဦးမှာ မိုင်းကွင်းအလည် တည့် တည့်ပေါ်သို့ ရောက်ရှိလာပြီး ရပ်နားနေချိန်တွင် ပေပါ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၅ ဦးနေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသွားသည့် စစ် သား နှစ်ဦးမှာလည်း ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

“မကျည်းစုရွာကို မီးရှို့ပြီးတော့ ထွက်လာတဲ့ စစ်ကြောင်းကို ၁၅ နေ့မှာ တစ်ကြိမ်၊ ၁၇ ရက်နေ့မှာ တစ်ကြိမ် မိုင်းဆွဲခဲ့တာ။ ဆိုင်ကယ် ၃ စီးနဲ့ စစ်ကြောင်းရှေ့ပြေးထွက်လာတာ နောက်ဆုံးဆိုင်ကယ် က ၃ ယောက်ပူး။ အဲဒီမှာက ၇ ဦးစလုံးသေသွားတာ၊ ၅ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေ တယ်။ ၂ ဦးကတော့ ဆေးရုံအထိရောက်သေးတယ်။ သူတို့ဆုတ်သွားတာက မြို့သာဘက်ကို ဆုတ်သွားတာ။ဂွေးကုန်းဘက်ကနေလာသယ်သွားတာပေါ့။မြို့သာဆေးရုံကို တက်သေးတယ်။ မြို့သာဆေးရုံကနေ မနိုင်တော့ဘူးဆိုပြီးတော့မှ မန္တလေးဘက်သယ်သွားတာ။ ကလစ်ဘီးတစ်စီး ရလိုက်သေးတယ်။ မိုင်းဆွဲတဲ့နေရာမှာကတော့ သွေးကွက်တွေဖုံးသွားတာ။ နေရာတော်တော် များများမှာတော့ သွေးကွက်တွေချည်းပဲ။ သဲတွေနဲ့အကုန်လိုက်ဖုံးသွားတယ်။” ဟု နဂါးနီးပြောက် ကျားတပ်ဖွဲ့ -မြင်းခြံတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံတပ်ဖွဲ့ဝင် ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကြောင်းသည် သေဆုံးစစ်သား အလောင်းများနှင့် ဒဏ်ရာရရှိ သူများကို နာရေးကားတစ်စီးဖြင့် သယ်ဆောင်ကာ မြို့သာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း၊ ထိုသို့ ထွက်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ Honda Click ဆိုင်ကယ်တစ်စီး သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article