25 C
Yangon

စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သား စုဆောင်းပေးသော ရပ်/ရွာအုပ် ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု TNLAက တရားဝင်ကြေညာ

Must read

ရန်ကုန်၊ မတ် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြိုတိုတွင် အကြမ်း ဖက်စစ်ကောင်စီအတွက် အတင်း အဓမ္မစစ်သား စုဆောင်းပေးသော ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း TNLA က ယနေ့ မတ်လ ၁၉ ရက်နေ့တွင် တရားဝင်ကြေညာ သည်။

မြန်မာစစ်ကောင်စီက အသင့်တင့် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA ၏ စစ်ဒေသအတွင်းရှိ လားရှိးမြိုနယ်၊ သီပေါမြိုနယ်၊ ကျောက်မဲမြိုနယ်၊ နောင်ချို မြိုနယ်၊ မိုးကုတ်မြိုနယ်၊ မိုးမိတ်မြိုနယ်တိုတွင် ပြည်သူ့ဘဝလုံခြုံနေမှုတိုကို ခြိမ်းခြောက် ကာ စစ်မှုထမ်းရန်အတွက် အဓမ္မစစ်သားစုဆောင်းနေသည်ဟု ပြည်သူလူထုများက PSLF/TNLA ထံ တိုင်ကြား အကူအညီတောင်းခံခဲကြကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားစုဆောင်းနေပုံမှာ ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စု အုပ်ချုပ်ရေး မှူးများကို သတ်မှတ်ထားသည့် တပ် သားသစ် ဦးရေအတိုင်း စစ်ကောင်စီတပ်သို ကောက်ခံပို ဆောင်ပေးရန် ချမှတ်လာခြင်းဖြစ်ပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးတိုသည် စစ်ကောင်စီ၏ အဓမ္မ ဖိအားပေးစေခိုင်းမှုကို မလွှမရှောင်သာ အချိုနေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေ ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ် သား စုဆောင်းခိုင်းစေ ခြင်းကို မြိုမိမြိုဖအပါအဝင် ရပ်ရွာလူထုနှင့် PSLF/TNLA က လက်မခံကြောင်း၊ အကယ်၍ အုပ်ချုပ် ရေးမှူး တစ်ဦးဦးသည် လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် စု ဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ် ကြောင်း PSLF/TNLAက တရားဝင် ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article