25 C
Yangon

မြိုင်နှင့် ပေါင်းတည်တွင် ပျူစောထီး ခေါင်းဆောင် နှင့် အုပ်ချုပ်ရေးမှူး တို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး စခန်းမှ ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး စခန်းမှ ပျူစောထီးခေါင်းဆောင် ဝင်းငွေ ကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း – ၁ ၊ ပခုက္ကူခရိုင် တပ်ရင်း – ၂ ၊ မဟာမိတ်တပ်ပေါင်းစု (ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊MUGDF၊James Bondတပ်ဖွဲ့) ၊ ကင်ဒိုတပ်ဖွဲ့ ၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပကဖ တပ်ရင်း-၁ တပ်ခွဲ-၁ နှင့် Union Brothers (တပ်ခွဲ-၁) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စု၊ သာလှပင်စီရွာနေ အကြမ်းဖက်စစ်တပ် ထောက်တိုင် ကံငယ်အုပ်စု အုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းကို ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် – ၃၆၀၁ PPDF တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၇ ရက် ညနေ ၆ နာရီအချိန်ခန့်က ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စု၊ သာလှပင်စီရွာနေ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် ကံငယ်အုပ်စု အုပ်ချုပ်ရေး မှူးမျိုးမြင့်သိန်းကို နေအိမ်အ တွင်းရေချိုးနေစဉ် ပစ်ခတ်ရှင်းလင်းရာ ခြေထောက်ကို သေနတ် ၂ ချက်ထိမှန်ပြီး နေအိမ်ထဲသို့ ဝင် ပြေးသွားကြောင်း၊ ထို့ကြောင့် မဆိုင်သူမိသားစုဝင်များ ထိခိုက်မည်စိုးရိမ်သဖြင့် ထပ်မံပစ်ခတ်ခြင်း မပြုတော့ပဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ – PPDF တပ်ဖွဲ့၊ တပ်ခွဲ ၄ မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသူ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် မျိုးမြင့်သိန်းသည် စစ်သား၊ ရဲများဖြင့် ပေါင်း ကာ ကျေးရွာအုပ်စုအတွင်းနေ ပြည်သူများအပေါ် အာဏာပြ ဗိုလ်ကျခြင်း၊ စစ်ကောင်စီ အလိုကျ ပျူ စောထီးဖွဲ့ရန် လူငယ်များအား အဓမ္မစုဆောင်းခြင်း၊ လောင်းကစား ဒိုင်များအား လိုင်ကြေးကောက် ပြီး စစ်ကောင်စီကို ထောက်ပံ့ခြင်းတို့ ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

ပြည်သူကာကွယ်ရေးတပ်မတော်အနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်၊ စစ်သား၊ ရဲ၊ ရပ် ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက် နေ ပြီ ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့နှင့်အတူ သွးလာနေထိုင်ခြင်း မပြုကြရန် အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article