25 C
Yangon

နတ်တလင်းမြို့နယ်တွင် တစ်ရွာလုံး စစ်မှုထမ်းမည်ဟု ကြွေးကြော်ထားသည့် ပျဉ်ပုံရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင်ကို PDF တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံး

Must read

နတ်တလင်းမြို့နယ်တွင် တစ်ရွာလုံး စစ်မှုထမ်းမည်ဟု ကြွေးကြော်ထားသည့် ပျဉ်ပုံရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင်ကို PDF တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၉

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တစ်ရွာလုံး စစ်မှုထမ်းမည်ဟု ကြွေးကြော်ထားသည့် ပျဉ်ပုံရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင်ကို PDF တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံးခဲ့ကြောင်း နတ်စစ်သည် တပ်ဖွဲ့ ခေါင်းဆောင် မှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပျဉ်ပုံပျူစောထီးရွာ အုပ်ချုပ်ရေးမှူး ရဲအောင်ကို နတ်စစ်သည်အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီးအဖွဲ့များနှင့် ၎င်း မိသားစုများ အင်အား ၃၀ ခန့်က ပြန်လည် ခုခံ တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့ပြီး ဓားဖြင့်ဝင်ခုတ်သူ ပျူစောထီး ခေါင်းဆောင် စိုးလေးကို နတ်စစ်သည် တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရဲအောင် သည် ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး နတ်စစ်သည် တပ်ဖွဲ့မှ ရဲဘော်များကို ဝင်ရောက် တိုက်ခိုက်ခဲ့သော ပျူစောထီး တချို့ကို ပြန်လည် ပစ်ခတ်ခုခံပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာသည် ပျူစောထီး အများအပြား နေထိုင်သော ကျေးရွာဖြစ်ပြီး ပထမအကြိမ် စစ်တပ်မှ စစ်မှုထမ်းရန် မဲနှိုက်စေခိုင်းရာတွင် ၎င်းရွာရှိ အုပ်ချုပ်ရေးမှူး ရဲအောင်နှင့် ဆွေမျိုး တော်စပ်သူ ပျူစောထီး ခေါင်းဆောင် စိုးလေးမှ မဲမနှိုက်တော့ဘဲ တစ်ရွာလုံး စစ်မှုထမ်းမည်ဟု ကြွေးကြော်ထားခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article