28 C
Yangon

ပဲခူးမြို့နယ်တွင် လူဦးရေ ၁၀၀၀ ကျော်ရှိသော မုက္ကလကျေးရွာမှ လူငယ် ၁၆၀ ဦးကို စစ်မှုထမ်းရန် ရွေးချယ်ပြီး တစ်လလျှင် ၁၀၀၀၀ ကျပ် ထည့်ဝင်ရမည်၊ မိခင်များနှင့်ဇနီးမယားများ ရွာလုံးကျွတ် ငိုကြွေးပူပန်နေကြ

Must read

ရန်ကုန်၊ မတ် ၂၀

ပဲခူးတိုင်း ၊ ပဲခူးမြို့နယ်တွင် လူဦးရေ ၁၀၀၀ ကျော်ရှိသော မုက္ကလကျေးရွာတွင် အသက် ၂၄ နှစ်မှ ၃၀ ကြား လူ ငယ် ၁၆၀ ဦးကို စစ်မှုထမ်းရန် အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဟန်မြင့် က အစည်း အဝေး ခေါ်ယူရွေးချယ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူး ဟန်မြင့်က တစ်ရွာသုံးကို အစည်းအဝေးခေါ်၍ စစ်မှုထမ်းရန် ပြောဆိုခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန် မဲမပေါက်သော အိမ်ထောင်စုများအနေဖြင့် တစ်လလျှင် ငွေကျပ် ၁ သောင်းထည့်ဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုမထမ်းရတဲ့ အိမ်တစ်အိမ်ကို တစ်လ ၁၀,၀၀၀ တောင်းတယ်၊ တစ်ရွာလုံး ငိုလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မုက္ကလကျေးရွာသည် လူဦးရေ ၁၀၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်မှုမထမ်းရသည့် အိမ်တစ်အိမ်လျှင် ကျပ် ၁၀၀၀ ခန့် တောင်းခံနေခြင်းဖြစ်ကြောင့် ပြည်သူများ အခက်အခဲတွေ့နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article