25 C
Yangon

ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၁၁ ဦးသေဆုံးပြီး လက်နက်ချသော ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနှင့် အရာရှိ ၁၂ ဦး အပါအဝင် စစ်သား ၆၆ ဦးကို ကောင်းမွန်စွာ ထားရှိဟု KNU ထုတ်ပြန်

Must read

ရန်ကုန်၊ မတ် ၂၀

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြိုနယ်၊ ကျိုက်ဒုံမြို အ ခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းတိုက်ပွဲတွင် စစ်သား ၁၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး နှင့် အရာရှိကြီး ၁၂ ဦး အပါအဝင် ၆၆ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၁၃ ရက် နံနက် ၆ နာရီအချိန်မှ စ၍ ကော့ကရိတ်မြိုနယ် ကျိုက်ဒုံမြို အခြေစိုက် စကခ ၁၃ လက်အောက်ခံ နဗဟ ၃ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော ကျိုက်ဒုံဗျူဟာ စခန်းကုန်းအား KNU – တပ်မဟာ ၆ KNLA – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲတိုမှ ဝင်ရောက် တိုက်ခိုက် ချေမှုန်းခဲ့ရာ မတ်လ ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီးပေါင်း ၁၂ ဦး အပါအဝင် ၆၆ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ထိုသို တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပြီး MA-1 – ၂၃ လက် ၊ MA-2 – ၇ လက် ၊ MA-3 – ၂၈ လက် ၊ MA-4 – ၅ လက် ၊ MA-13 OC – ၅ လက် ၊ G-3 – ၁၁ လက် ၊ AK ရိုင်ဖယ် – ၁ လက် ၊ 60 mm ပြောင်းရှည် – ၂ လက် ၊ 60 mm ပြောင်းတို – ၂ လက်၊ 81 mm – ၁ လက် ၊ 120 mm – ၁ လက် ၊ ငါးကြင်းမြီး စက်လက် – ၁ လက်၊ RPG-7 – ၁ လက်၊ MA-5 အတို – ၂ လက် ၊ MAS Sniper – ၁ လက် ၊ Carbine – ၄၂ လက် ၊ Glock – ၁ လက်၊ Drone Slyer – ၂ လက် ၊ Drone အထိုင် Jumper – ၁ ခု ၊ ကျည်ကာ ဦးထုပ် – ၅၂ လုံး ၊ တိုက်မိုင်း – ၃၈ လုံး ၊ လက်ပစ် ဗုံး – ၁၈ လုံး ၊ ရှေ့ထွက်မှိင်း – ၅ ခု၊ အီနာဂါ – ၂၃ လုံး၊ RPG ကျည် – ၄၆ လုံး ၊ 60 mm ကျည် – ၈၁ လုံး ၊ လက်နက်ငယ် ကျည် – ၃၃၆၀ တောင့်၊ နှာတိုကျည် – ၆၈၃၂ တောင့် ၊ 120 mm ကျည် – ၂၂ လုံး၊ လက်နက်ငယ် ကျည်ဘောက် – ၁၂၇ ဘောက် ၊ လက်နက်ငယ် ကျည်ဘောက် အဝိုင်း – ၄ ခု ၊ G-3 ကျည်ဘောက် – ၁၅ ဘောက်၊ .5 ကျည် – ၄၀၀ တောင့် ၊ ဆိုလာ အကြီး – ၁၀ ချပ် ၊ ဘက်ထရီး အကြီး – ၁၀ လုံး၊ Printer – ၄ လုံး ၊ Projector – ၂ လုံး ၊ ဓာတ်မှန်ရိုက်စက် – ၁ လုံး နှင့် မီးစက် – ၂ လုံး စ သည့် လက်နက်ခဲယမ်းများ နှင့် အခြားပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲ အတွင်း KNLA – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲတိုမှလည်း ၁ ဦး ဒဏ်ရာရရှိပြီး ၂ ဦး မှာ တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း၊ ထိုအပြင် တိုက်ပွဲအတွင်း လိုအပ်သည်များ ကို ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးသည့် ပြည်သူတစ်ဦးမှာလည်း နင်းမိုင်း ထိမှန် ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

ကျိုက်ဒုံဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲ ၂ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်း ပစ်ကူဖြင့် ၁၅ ကြိမ် လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့သည့် ဗျူဟာမှူး နှင့် အရာရှိကြီးပေါင်း ၁၂ ဦး အပါ အဝင် ၆၆ ဦးကို ညှင်းပန်း နှိပ်စက်ခြင်း တစ်စုံတစ်ရာပြုခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာပြုစုစောင့် ရှောက်ပေးထားပြီး KNU – ကရင်အမျိုးသား အစည်းအရုံးမှ စစ်သုံပန်း ဥပဒေနှင့် အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း၊ မြိုတွင်း တိုက်ပွဲအဖြင့် သော်လည်းကောင်း ဖော်ဆောင်လျက်ရှိနေပြီး နေ့စဥ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန် လျက် ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article