25 C
Yangon

ထိုင်း- မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ၏ မယ်သရောထစခန်းနှင့်ရေတလျောက်စခန်း သိမ်းတိုက်ပွဲများတွင် ဒရုန်းတပ်ဖွဲ့က ဗုံးအလုံးပေါင်းများစွာ ကျဲချပါဝင်တိုက်ခိုက်

Must read

ထိုင်း- မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ၏ မယ်သရောထစခန်းနှင့်ရေတလျောက်စခန်း သိမ်းတိုက်ပွဲများတွင် ဒရုန်းတပ်ဖွဲ့က ဗုံးအလုံးပေါင်းများစွာ ကျဲချပါဝင်တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း- မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ၏ မယ်သရောထစခန်းနှင့်ရေတလျောက်စခန်းသိမ်းတိုက်ပွဲများတွင် ဒရုန်းတပ်ဖွဲ့က ဗုံးအလုံးပေါင်းများစွာဖြင့် ကျဲချပါဝင်တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့၏ တာဝန်ခံ ကိုငြိမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ယင်းစစ်ကောင်စီစခန်းများသို့ တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းများဖြင့် ၈၁ မမ ၊ ၆၀ မမ ဗုံးသီးအလုံးပေါင်း များစွာကို အကြိမ်ပေါင်းများစွာ ပျံသန်းကျဲချတိုက်ခိုက်ခဲ့ကြောင်း ၊KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များ၏ စုပေါင်းတိုက်ခိုက်မှုများကြောင့် မတ်လ ၁၉ ရက်နေ့က မယ်သရောထစခန်းမှ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့၏ တာဝန်ခံ ကိုငြိမ်းက ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်နယ်စပ် ရေတလျောက်စခန်းကို မတ်လ ၁၅ ရက်နေ့ကတည်းက Cloud Wings ဒရုန်းတပ်ဖွဲ့က နေ့စဉ်ရက်ဆက် ဒရုန်းများဖြင့် ဗုံးသီးများကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ဒရုန်းဖြင့် အဆက် မပြတ် ကျဲချတိုက်ခိုက်ခြင်းပြု လုပ်မှုကြောင့် မြေပြင် ချေမှုန်းရေးတပ်များ မတိုက်ခိုက်မီ ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ရေတလျောက်စခန်းမှ စစ်ကောင်စီ တပ်သားအများအပြား ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့ကြောင်း ကိုငြိမ်းကပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်များ စခန်းကို စွန့်ခွာထွက်ပြေးသွားခြင်းကြောင့် ရေတလျောက်စခန်းကို KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးများအတွင်း လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သော်လည်း Cloud Wings ဒရုန်း ၂ စီးလည်း ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ၊Cloud Wings ဒရုန်းတပ်ဖွဲ့နေအဖြင့် တခြားစစ်ဆင်ရေးများ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး စစ်ဆင်ရေး ပြီး ဆုံးချိန်တွင် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားမည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့၏ တာဝန်ခံ ကိုငြိမ်းက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article