25 C
Yangon

ကောလင်းမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြား

Must read

ကောလင်းမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ နှင့် တော်လှန်ရေးတပ်ဖွဲ့ သတင်း ရင်းမြစ်ထံမှ သိရသည်။

ယနေ့ မတ်လ ၂၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်မှစ၍ ကောလင်းမြို့ အနောက်ခြမ်းရှိ ရွာမရွာ၊ စံတော်သာကုန်း၊ မင်းကုန်း၊ ဖန်ခါးကုန်း၊ ကျောက်ကြမ်းတောင်တို့ဘက်ကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တနေကုန် နီးပါးတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ ကြောင်း သိရသည်။

“ကောလင်းမြို့နားပတ်ချာလည်ကို ဒီနေ့ မနက်ပိုင်းလောက်စက ဖြစ်တာ၊ လေကြောင်းတော့ မလာ ဘူး၊ စစ်ခွေးတွေကလည်း မြို့အနီးအနား ပတ်ချာလည်ကို စစ်ကြောင်းထိုးပြီး မီးရှို့နေလို့ ဖြစ်တာ၊ တိုက်ပွဲကြီးဖော်ဆောင်တာတော့ မဟုတ်သေးဘူး၊ ထိတွေ့တိုက်ပွဲကတော့ ဖြစ်နေတယ်၊ အခုထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတုန်း” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း ၂ ၊ ယင်းမာပင်ခရိုင် ပူးပေါင်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပကဖ နှင့် ကောလင်းခရိုင် ပကဖ လက်ရုံးတပ် တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျ ဆုံးခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article