25 C
Yangon

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ပိုက်ဆံတောင်းနေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မုံရွာ – ချောင်းဦး လမ်းပိုင်းတွင် စစ်ကားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီး

Must read

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ပိုက်ဆံတောင်းနေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မုံရွာ – ချောင်းဦး လမ်းပိုင်းတွင် စစ်ကားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီး

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ပိုက်ဆံတောင်းနေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Regional Friend Fighters (RFF) အဖွဲ့ထံမှ သိရသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင မုံရွာ-ပုသိမ် လမ်းပိုင်းရှိ စွမ်းရည် ထက်ဆီဆိုင်နှင့် အောင်ဇေယျ စစ်တပ်ကုန်း အကြားတွင် ကင်းချထားပြီး ခရီးသွား ပြည်သူများထံမှ ပိုက်ဆံတောင်းနေသည့် ရဲ ၁၆ ဦးကို မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ခန့်တွင် Regional Friend Fighters (RFF) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းကွင်းထဲရောက်နေသည့် ရဲ ၅ ဦးကို ထိမှန်ခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းထိခိုက် ဒဏ်ရာရရှိသူများထဲမှ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တပ်သား ၂ ဦးသည် ထိခိုက်ဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိနေသော ရဲများက ရမ်းသမ်းပစ်ခတ်ပြီး ခရီးသွား ပြည်သူတစ်ဦး၏ ကား ၁ စီးကို လုယက်ကာ သေဆုံးသွားသော ရဲ ၂ ဦးအလောင်းနှင့် ဒဏ်ရာရရှိသာ ရဲ ၂ ဦးကို ကားပေါ်တင်ကာ နမခ စစ်ဆေးရုံကို မောင်းနှင်သွားကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးထဲမှ ၁ ဦးသည် ဆေးရုံ အရောက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား များကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီး ပက်လက်လန်လဲကျပြီး စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၀ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော သံပြားကာ စစ်ကား ၅ စီးကို ချောင်းဦး -မုံရွာလမ်းပိုင်း တနေရာတွင် ၃ လုံးတွဲ မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ၂ နေရာမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ပထမပွိုင့်မှာ ကားကို မထိမှန်ပဲ လွတ်မြောက်သွားချိန် ဒုတိယ မိုင်းပွိုင့်မှ ကား ၅ စီး ၏ ၄ စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကားများပေါ်ရှိ စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ဆက်လက်မောင်းနှင်သွားကြောင်း၊ မိုင်းဆွဲပြီးသော်လည်း ပြန်လည် ဆုတ်ခွာ ခြင်းမပြုပဲ မုံရွာမြို့ နမခ တပ်အတွင်းမှ သံပြားကာ စစ်ကားများ ထပ်မံထွက်ခွာလာကြောင်း သတင်းရသဖြင့် ကျန် မိုင်းပွိုင့်များဖြင့် တိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့သည်ဟု ဆိုသည်။

ထို့နောက် ည ၁၀ နာရီ ၁၁ မိနစ်အချိန်တွင် မုံရွာမြို့ နမခ တပ်ရင်းအတွင်းမှ သံပြားကာ စစ်ကား ၄ စီးထွက်လာရာ အထူးပေါက်ကွဲအားပြင်းသည့် ပဒေသာမိုင်း ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကား ၄ စီး ယာဉ်တန်း၏ ၃ စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး ကားမှာ ချက်ချင်း ပက်လက်လန်လဲသွား ကြောင်း သိရသည်။

“မုံရွာဘက်ကနေ ဘူဒိုဇာနဲ့ လာထောင်ပြီး ဆွဲသွားပြီ၊ လမ်းပေါ်မှာတော့ သွေးကွက်တွေချည်းပဲ၊ထိ ခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို မနေ့ညက ခွေးဘီးလူးကားနဲ့ လာသယ်တယ်လို့ ကြားတယ်၊ အနား ကပ် မရလို့ အတိအကျ မသိရဘူး၊ အနီး အနားကရွာတွေကိုလည်း မုံရွေးရွာထိပ်လောက်ကနေ ထုနေ တာ၊ ပြည်သူတွေထိခိုက်မှုတော့ မကြား မိပါဘူး၊”ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကား ပက်လက်လန်လဲကျခြင်းနှင့်အတူ ကားပေါ်ပါ စစ်သားများ၏ အော်ငြီးသံများထွက်ပေါ်လာ ပြီး အခြားကားပေါ်လိုက်ပါလာသော စစ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Area71PDFMonywa အဖွဲ့၊ ANYAR DEFENCE FORCE (ADF) ၊ MONYWA DYNAMITE (STF) နှင့် SPCIAL FORCE -11 (PDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြနလည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article