30.5 C
Yangon

KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ တပ်ရင်း အမှတ် ၁၉ ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းဖြင့် တန်ပြန်ပစ်ခတ်မှု နေအိမ် ၇ လုံး ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၂

ကရင်ပြည်နယ်၊ KNU တပ်မဟာ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း အမှတ် ၁၉ အတွင်းသို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော် သတင်းစဉ်က တရားဝင်သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ် ၂၁ ရက် ညနေ ၃ နာရီခန့်က KNU အမှတ် ၅ တပ်မဟာ၏ ဒရုန်းတပ်ဖွဲမှ အကြမ်း ဖက် စစ်ကောင်စီ၏ တပ်ရင်း ၁၉ တပ်စခန်းအတွင်းသို ဗုံးသီး ကျဲချခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့ကလည်း KNU အမှတ် ၅ တပ်မဟာ၏ လက်ဖြောင့်စစ်သည်များမှ အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်း ၁၉ အတွင်းရှိ စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံးပြီး ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ် အချိန်ခန့်က လူသောမြိုနယ်၊ ဘောသေထာ ကျေး ရွာအုပ်စု၊ ပနောကလဲကျေးရွာအတွင်းသို အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ပြီး ဝက် ၈ ကောင်နှင့် ဆိတ် ၆ ကောင်လည်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

မကြာမီ အချိန်အတွင်း နောက်ထပ်ဂျက်တိုက်လေယာဉ်တစ်စီး ထပ်မံရောက်လာကာ ဒွယ်လိုးကျေးရွာအတွင်းသို ဗုံးသီး တစ်လုံး ထပ်မံ ပစ်ချခဲ့ကြောင်း သိရသည်။

ထိုပြင် မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၈ မိနစ်မှ ၂ နာရီ ၁၂ မိနစ်အတွင်း လူသောမြိုနယ်၊ဘောသေထာကျေး ရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ နီးဒိုထာနှင့် တာဒိုထာကျေးရွာများ အတွင်းသို စစ်တပ်က ဒရုန်းဖြင့် ဗုံး သီး ၄၃ လုံး ၊ မွန်းလွဲ ၁ နာရီ ၃ မိနစ် အချိန်မှ ၂ နာရီ ၇ မိနစ်အချိန် အထိ ဘူးသိုမြိုနယ်၊ မယ်ကလော ကျေးရွာ အုပ်စုအတွင်းရှိ ဘော့ထာကျေးရွာအတွင်းသို စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး အလုံး၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ဘူးသိုမြိုနယ်၊ ခေါပူကျေးရွာ အုပ်စု အတွင်းရှိ လေးကွယ်လိုကျေးရွာအတွင်းသို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဗုံးသီး ၅ လုံးနှင့် ည ၈ နာရီ ၁၆ မိနစ်အချိန်တွင် ဘူးသိုမြိုနယ်၊ မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ထီးဘယ်ခါထာ ကျေးရွာအတွင်းသို ၈၁ မမ လက်နက်ကြီးဖြင့် ၁ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ပြည်သူတစ်ဦးတစ်ယောက်တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဟု သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article