29.6 C
Yangon

စစ်ကိုင်းမြိုနယ်၊ အမှတ် ၆၀၀၅ တင့်ကားတပ်နှင့် ဆားတောင်မြိုပေါ်ရှိရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုနယ်၊ အမှတ် ၆၀၀၅ တင့်ကားတပ်နှင့် ဆားတောင်မြိုပေါ်ရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းမြိုနယ်၊ အုန်းတောကျေးရွာ အနီး ရှိ အမှတ် ၆၀၀၅ တင့်ကားတပ်အတွင်းသို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး၊ မတ်လ ၁၉ ရက် နံနက် ၁၁ နာရီ အချိန်တွင် ယင်းတင့်ကားတပ်အတွင်းသို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုအပြင် စစ်ကိုင်းမြိုနယ်၊ ဆားတောင်မြိုပေါ်ရှိ နယ်မြေရဲစခန်းအတွင်းသို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“သေဆုံးထိခိုက်မှုကတော့ မသိရသေးပါဘူး၊ ဗုံးချတာ ထိရောက်မှုကတော့ ရှိပါတယ်။ ထိရောက်မှုရှိ လို လက်နက်ငယ်ရယ်၊ ၄၀ မမ ရယ်ပါ တရစပ် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို တပ် ဖွဲ ဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ၊ Royal Falcon Guerilla Force ၊ Phoenix (SGG) -Sagaing ၊ စစ်ကိုင်းခရိုင်အမှတ် ၇ တပ်ရင်း၊ စစ်ကိုင်းမြိုနယ် ပ.က.ဖ နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၃ တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ဝင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article