29.6 C
Yangon

နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းရေး ပါဝင်လုပ်ဆောင်သူများကို အရေး ယူမည်ဟု သတိပေးချက်များကို တော်လှန်ရေးတပ်များက ဆက်တိုက် ထုတ်ပြန်

Must read

ရန်ကုန်၊ မတ် ၂၂

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းရန် ပါဝင်လုပ်ဆောင်သူများကို အရေးယူမည်ဟု သတိပေးချက်များကို တော်လှန်ရေးတပ်များက ဆက်တိုက် ထုတ်ပြန်လျက်ရှိသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ကူညီနေသည့် ရပ်/ကျေး ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ ၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူးများနှင့် အပေါင်းပါများ၏ စာရင်းနှင့် မိသားစုအချက်အလက်များကို စုံစမ်းစုဆောင်းထားကာ အရေးယူသွားမည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံများအနေနှင့် ပြည်သူများကို စစ်မှုထမ်းရန် ဖိအားပေးလာပါက ၎င်းတို့၏ သတင်းအချက်အလက်များနှင့် မိသားစု၏ အချက်အလက်များကို ရန်ကုန်မြို့ပြ စစ်ဆင်ရေးအဖွဲ့များထံ အားလုံးပေးပို့မည့်အပြင် ပြည်သူထံသို့ ဓာတ်ပုံများနှင့်တကွ ချပြမည်ဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်အဖြစ် ပြည်သူတွေကို စစ်မှုထမ်းခိုင်းတယ်ဆိုရင် သူတို့တင်မကဘူး သူတို့ရဲ့ မိသားစုတွေ အမျိုးတွေအထိပါ ခြွင်းချက်မရှိ လုံးဝခွင့်မလွှတ်ပါဘူး။ စမ်းချောင်းတင်မကဘူး စမ်းချောင်းပင်မနဲ့ ချိတ်ဆက်ထားတဲ့ မြေပေါ်မြေအောက်အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းပြီးတော့ အရေးယူမယ်”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းအနေဖြင့် လက်ရှိတွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တွင်ပါဝင်ကာ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသည့် ထောက်တိုင် အချို့၏ စစ်မှုထမ်းနိုင်သော မိသားစုဝင်အချို့၏အချက်အလက်များနှင့် စစ်တပ်ထောက်တိုင်အချို့၏ ဓာတ်ပုံများကို ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ပြည်သူများအပေါ် ဗိုလ်ကျကာ စစ်တပ်ထဲသွင်းပြီး လူသားဒိုင်းအဖြစ် အသုံးချရန်ကြံစည်နေခြင်းကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကြောင်း၊ စမ်းချောင်းရှိပြည်သူများနှင့် တစ်သားတည်း ရပ်တည်နေကြောင်းလည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ တာဝန်ရှိသူက ပြောကြားသည်။

ထို့ပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်လည်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ကူညီပေးနေသူများအား ထိရောက်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း Myitkyina PDF ကြေညာသည်။

မြစ်ကြီးနား မြို့ပေါ်မှ အကြမ်းဖက် စစ်တပ်၏ လက်အောက်ခံ လဝကဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှုးများနှင့် ရာအိမ်မှူးများသည် စစ်မှုထမ်းဥပဒေကို စတင်ကူညီပေးနေသည်ဟု သတင်းရရှိထားကြောင်း၊ အကြမ်းဖက်စစ်တပ် လက်အောက်ခံများအနေဖြင့် ဆက်လက်၍ ပါဝင်ပတ်သက်နေပါက ထိရောက်ပြင်းထန်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း Myitkyina PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ – စစ်မှုထမ်းရေး ဟောပြောနေသော အကြမ်းဖက် စစ်ကောင်စီဘက်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တစ်ခု၏ အစည်းအဝေး မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းရေး ဟောပြောနေသော အကြမ်းဖက် စစ်ကောင်စီဘက်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တစ်ခု၏ အစည်းအဝေး မြင်ကွင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article