လက်ပံတောင်းတောင်ဒေသတွင် စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်
ရန်ကုန် ၊ မတ်၂၂
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သပိတ်ကို “ 𝗕𝗮𝗻 𝗝𝗲𝘁 𝗙𝘂𝗲𝗹𝘀 𝗘𝘅𝗽𝗼𝗿𝘁𝘀 𝗧𝗼 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝘀𝗰𝗶𝘀𝘁 𝗗𝗶𝗰𝘁𝗮𝘁𝗼𝗿 ” စာသားကို ကိုင်ဆောင်ပြီး လက်ပံတောင်းတောင်ဒေသ ပြည်သူများ သပိတ်စစ်ကြောင်းက ယနေ့ မတ်လ ၂၂ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/03/432778760_773433831550892_2200263613986088072_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/432764200_773433754884233_5975182951795430806_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/434136857_773433718217570_801872697614306342_n.jpg)