37 C
Yangon

မင်းကင်းမြို့တွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည့် ထွေအုပ်ရုံးနှင့် လဝက ရုံးကို PDF တပ်ဖွဲ့က ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မင်းကင်းမြို့တွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည့် ထွေအုပ်ရုံးနှင့် လဝက ရုံးကို PDF တပ်ဖွဲ့က ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့တွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည့် ထွေအုပ်ရုံးနှင့် လဝက ရုံးကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Mingin Local PDF Union-မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ မင်းကင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည့် ထွေအုပ်ရုံးနှင့် လဝက ရုံးကို Mingin Local PDF Union-မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“မင်းကင်းမြို့ ထွေအုပ်ရုံးနဲ့ မြို့နယ် လ၀ကရုံး ကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေဆုံးမှု ရှိမရှိတော့ အတိအကျ မသိရသေးဘူး။ အပျက်အစီးတော့ ရှိတယ်။ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့တာ” ဟု Mingin Local PDF Union-မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article