37 C
Yangon

မြေပုံမြို့နယ်၊ ညောင်ကန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး ရွာလုံးကျွတ် မီးလောင်နေ

Must read

မြေပုံမြို့နယ်၊ ညောင်ကန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး ရွာလုံးကျွတ် မီးလောင်နေ

ရန်ကုန်၊ မတ် ၂၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု များပြားပြီး ရွာလုံးကျွတ် မီးလောင်နေကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစ၍ ညနေ့ ၅ နာရီခန့်အထိ မြေပုံမြို့နယ်၊ ညောင်ကန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထိခိုက် သေဆုံးမှုများပြားပြီး ရွာလုံးကျွတ် မီးလောင်နေကြောင်း သိရှိရသည်။

” ဒီနေ့ နံနက် ၁၀ နာရီလောက်ကနေ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတာ ညနေ ၅ နာရီလောက်အထိပဲ ဘယ်နှစ်ကြိမ် ဗုံးကြဲလို့တောင် မှတ်မရတော့ဘူး။ ကလေးတွေ၊ ကိုရင်လေးတွေ၊ အမျိုးသမီး၊ အမျိုးသား အများကြီးပဲ ထိခိုက်ကြတယ်။ သေဆုံးမှု အရေအတွက်ကိုတော့ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ အရေအတွက်တော့ မသိရသေးဘူး။ ရွာသားတွေက တောတောင်တွေကို ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲခြင်းကြောင့် ညောင်ကန်ကျေးရွာသည် လက်ရှိချိန်ထိ မီးလောင်နေပြီး ကျေးရွာနေပြည်သူများသည် အသက်လု၍ ထွက်ပြေးနေရကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘဲ စစ်ကောင်စီက လာပြီး အရပ်သားနေတဲ့ရွာကို ဗုံးလာကြဲတာ ရွာမှာ အိမ်အားလုံးလိုလိုက မီးလောင်ပျက်စီးသွားပြီ အခုလည်း ‌မီးလောင်နေတုန်းပဲ ရွာသားတွေက အသက်လု ထွက်ပြေးနေရတော့ ဘယ်သူထိခိုက်တယ် ဘယ်လောက်ထိခိုက်သေဆုံးဆိုတာကို မရနိုင်ဘူး” ဟု ဒေသနေ ပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ညောင်ကန်ရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းလည်း မီးလောင် ပျက်စီးသွားပြီး ကနဦး သတင်းအရ ဘုန်းကြီး၊ ကိုရင်၊ ကလေးငယ်များ အပါအဝင် သေဆုံးသူ ၂၀ ထက်မက ရှိနိုင်ကြောင်း သိရှိရသော်လည်း သီးခြား မပြုနိုင်သေးကြောင်း ဒေသတွင် သတင်းရင်းမြစ်များက ပြောဆိုသည်။

ဒေသနေ ပြည်သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီက ဂျက်ဖိုက်တာများ အပါအဝင် လက်ရှိတွင်လည်း အမ်းမြို့တပ်ရင်းများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေပြီး ယင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေများ မသိရသေးကြောင်း၊ ညောင်ကန်ရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး အနီးအနားတွင် ကမ်းထောင်းကြီး၊ တောင်ပေါက်၊ ပေါက်တူးတောင် ရွာများရှိကာ အဆိုပါ ကျေးရွာများဘက်ကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခဲ့သောကြောင့် မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ကျေးရွာမှ ကလေးငယ်များ အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထို့ပြင် မင်းပြားမြို့နယ်၊ သာဒါကျေးရွာကို မတ်လ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မွတ်ဆလင် ၂၂ ဦး သေဆုံးကာ ၂၉ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article