25 C
Yangon

နတ်မောက်မြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် ပြတ်သားစွာ တိုက်ခိုက်မည်ဟု တော်လှန်ရေး အင်အားစုများက ကြေညာ

Must read

နတ်မောက်မြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် ပြတ်သားစွာ တိုက်ခိုက်မည်ဟု တော်လှန်ရေး အင်အားစုများက ကြေညာ

ရန်ကုန်၊ မတ် ၂၂

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် ပြတ်သားစွာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း နတ်မောက်မြို့နယ် တော်လှန်ရေးအင်အားစုများက ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန် ကြောညာထားသည်။

အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူသော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊သတင်းပေးဒလန် ၊လူဦးရေစာရင်းကောက်သူမှန်သမျှကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း နတ်မောက်မြို့နယ် တော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

“အဖွဲ့အားလုံးတိုင်ပင်ပြီး ညီညွတ်စွာ ထုတ်ထားတာလည်းဖြစ်တယ်။ အားလုံးညီညွတ်စွာနေထိုင်လုပ်ကိုင်ကြောင်းလည်း ပြသရာရောက်ပါတယ်။ သူတို့ကိုလည်း စစ်ရေးပစ်မှတ်သဘောအနေနဲ့ကို တိုက်ထုတ်မှာကို ကြေညာတာပါ။ ရှင်းလင်းမှာ” ဟု နတ်မောက်မြို့နယ် တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို နတ်မောက်မြို့နယ် တော်လှန်ရေးအင်အားစုများဖြစ်ကြသော နတ်မောက်ပကဖ၊ ၉၀၂ တပ်ရင်း NPDF ၊ ၉၀၃ တပ်ရင်းတပ်ခွဲ (၁)ဂဠုန် PDF ၊ ၉၀၃ တပ်ရင်း တပ်ခွဲ (၃) တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ငါးပြေမပျောက်ကြားတပ်ဖွဲ့၊ဗိဿနိုးလက်အောက်ခံကျားသစ်နက်တပ်ဖွဲ့၊ဗိဿနိုးလက်အောက်ခံကြိုးကြာနီတပ်ဖွဲ့၊Aung San’s Land ၊ OPRF- PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့များက ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article