37 C
Yangon

မအူပင်တွင် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ ပူဆွေးကြောက်လန့်နေရချိန် စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ဝှေ့ပွဲလက်မှတ်များ တစ်စောင် ငွေ ၁၀၀၀၀ ကျပ်ဖြင့် ခြိမ်းခြောက်ရောင်းချ

Must read

မအူပင်တွင် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ ပူဆွေးကြောက်လန့်နေရချိန် စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ဝှေ့ပွဲလက်မှတ်များ တစ်စောင် ငွေ ၁၀၀၀၀ ကျပ်ဖြင့် ခြိမ်းခြောက်ရောင်းချ

ရန်ကုန်၊ မတ် ၂၃

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဌာနရန်ပုံငွေ လက်ဝှေ့ပွဲလက်မှတ်များကို အတင်းအကျပ် မဝယ်မနေရ လိုက်လံရောင်းချနေ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၄ ရက်နေ့တွင် မအူပင်မြို့ပေါ်၌ တပေါင်းပွဲတော်ကျင်းပမည်ဖြစ်ရာ ခရိုင်အားကစား ခန်းမ၌ ယင်းပွဲတော် အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုရာ ဝန်ထမ်းများက လက်ဝှေ့ပွဲများ ထည့်သွင်းခဲ့ကြောင်း၊ ယင်းလက်ဝှေ့ ပွဲလက်မှတ်ကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တစ်စောင်လျှင် တစ်သောင်းနှုန်းဖြင့် တစ်အိမ် တက် ဆင်း လိုက်လံရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

“တစောင်ကို တစ်သောင်းနဲ့ အိမ်အခြေအနေကို ကြည့်ပြီး ၂ စောင်ကနေ ၃ စောင့်အထိ အတင်း လိုက်ရောင်းနေတာ၊ ခေတ်ကာလ မကောင်းလို့ စီးပွားရေးအဆင်မပြေရတဲ့လူတွေအဖို့ ဒုက္ခပို ရောက်နေကြတယ်၊ စစ်မှုထမ်းကိစ္စနဲ့ ထိန့်လန့်နေတဲ့ ပြည်သူတွေက ကြောက်ပြီး ဝယ်နေကြရပါ တယ်။ ပွဲတော်ထက် ဌာနဆိုင်ရာတွေက လုပ်စားကြတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မအူပင်မြို့နယ်တွင်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက် ငွေတောင်းယူမှုများ၊ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟုဆိုကာ ငွေ သိန်း ၁၀၀ အထိ တောင်းယူမှုများစွာ ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article