32 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် PDF တပ်ဖွဲ့က သတိပေးစာများ ဖြန့်ဝေ

Must read

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် PDF တပ်ဖွဲ့က သတိပေးစာများ ဖြန့်ဝေ

ရန်ကုန်၊ မတ် ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် PDF တပ်ဖွဲ့က သတိပေးစာများ ဖြန့်ဝေခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံရန် လောင်းလုံးမြို့နယ် ပကဖ ရဲဘော်များက သတိပေးစာများ လိုက်လံ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတိပေးစာများတွင် “ပြည်သူများ စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေပါ” ၊ “ပြည်သူသည်သာအဓိက ပြည်သူများအဆုံးသတ်တိုက်ပွဲ ဆင်နွှဲကြ ပါဝင်ကြ” ၊ “မင်းတို့အဘတွေပြေးနေကြပြီ မင်းတို့အသက်နှင့် မင်းတို့လွတ်မြောက်ရာ မင်းတို့ကိုယ်တိုင်ရွေး” ၊ ” အကြမ်းဖက်စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံပါ” ၊ “မင်းတို့အဘတွေက သူတို့မိသားစုတွေကို နိုင်ငံခြားမှာပို့ထားပြီးပြီ မင်းတို့ကအသေခံနေတုန်း” ၊ “မင်းတို့အဘတွေပဲ အသက်နဲ့မဟုတ်ဘူး မင်းတို့မှာလည်း အသက်နဲ့ပဲ မသေချင်ရင်ပြေးတော့” ၊ “စစ်ကောင်စီတပ်သားများ စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးစွန့်ခွာပါ” ၊ “မင်းတို့အသက်ပေးတိုက်ခိုက်နေလည်း အဓိပ္ပါယ်မရှိဘူး မင်းတို့မနိုင်တော့ဘူး” စသည့် စာသားများ ရေးသား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူများ အချိန်တိုင်း စစ်ရေးသတိရှိကြရန်၊ ပြည်သူတရပ်လုံး၏ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ အန္တရာယ်မှလွတ်မြောက်ရန် သတိဝီရိယရှိရှိ နေထိုင်သွားလာကြရန် အသိပေးတိုက်တွန်းလိုကြောင်း၊ ဆက်လက်၍ စစ်ကောင်စီတပ်သားများ စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးစွန့်ခွာကြရန် ထပ်ဆင့်သတိပေးလိုကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article