34 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရပြီးနောက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေ

Must read

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရပြီးနောက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေ

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးဒဏ်ရာရပြီးနောက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း Regional Friend Fighters (RFF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ-ပုသိမ် လမ်းအတိုင်း ခြေလျင် ထွက်ခွာလာစဉ် ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်လမ်းခွဲအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၃ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး မိုင်းစမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များ၊ ၄၀ မမ ဗုံးသီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း Regional Friend Fighters- RFF အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေးတွေ ထိခိုက်မှုကို မျက်မြင်တွေ့သူတွေ ပြောပြချက်အရ သိရပါတယ်။ အခု စစ်ခွေး စစ်ကြောင်းက အင်အား ၁၇၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်” ဟု Regional Friend Fighters (RFF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်တပ်က အင်အား ၁၇၀ ကျော်ဖြင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article