30 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၃ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် မြို့ ၆ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်ရရှိထားပြီလို့ ကရင်နီ တော်လှန် ရေးတပ်ပေါင်းစုကနေ တရားဝင် ကြေညာလိုက်ပါတယ်။
  • ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမှာရှိတဲ့ ပင်လုံခန်းမရှေ့မှာ ကိုရီးယားသွားဖို့အတွက် စာမေးပွဲကြေး သွင်းဖို့ စောင့်ဆိုင်းနေတဲ့ လူငယ်တွေကို အကြမ်းဖက် စစ်တပ်က စစ်ကားနဲ့ ရောက်လာပြီး လူငယ် အယောက် ၆၀ ဝန်းကျင်လောက်ကို တော်တော် နိုင်ငံခြားသွားချင်နေလားလို့ ‌ပြောပြီးတော့ ဆဲဆိုပြီး ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မိုက်ကလိုဝေ့- တာဝါတိုင် တောင်ကုန်းစခန်းကို တော်လှန်ရေး တပ်ပေါင်းစုတွေကနေ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက် ခဲယမ်း အများအပြားကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article