25 C
Yangon

ကောလင်းမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ကောလင်းမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Kawlin Revolution – KR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်သည့်နေရာနှင့် ဝေးသည့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ရှောင်နေသည့် ပန်းတင်ရွာသား ဦးမြင့်သန်း ရင်ဘတ်ကို ဗုံးစမှန်ကာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ရာနေရာနဲ့ အလှမ်းတော်တော်ဝေးတဲ့နေရာကို ကျဲတာဖြစ်လို့ တမင်လို့ ယူဆရပါတယ်ဗျ”ဟု Kawlin Revolution – KR ၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များသည် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ကောလင်း အနောက်ခြမ်း မင်းကုန်း၊ ဖန်းခါးခုံရွာအနီး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းမှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article