ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်
ရန်ကုန်၊ မတ်၂၃
ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများနှင့် လူမျိုးပေါင်းစုံအထွေထွေ သပိတ် ကော်မတီ (GSCN)ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုကို ‘ဖက်ဆစ်တပ်ကို လေယာဥ်ဆီရောင်းပေးနေတာ ချက်ချင်းရပ်”၊ ‘USA, UK, EU – Ban Jet Fuel Sales and shipment insurance to Myanmar’s၊ “If the jets can’t fly, they can’t bomb.””Ban Jet Fuel Exports to Myanmar Junta.” စသည့် စာသားများကို ကိုင်ဆောင်ကာ မြန်မာစစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။