37 C
Yangon

အမေရိကန်၊ နယူးယောက်မြို့တွင် တိုင်းရင်းသားပြည်သူများနှင့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်တို့ တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဆွေးနွေး

Must read

အမေရိကန်၊ နယူးယောက်မြို့တွင် တိုင်းရင်းသားပြည်သူများနှင့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်တို့ တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဆွေးနွေး

ရန်ကုန်၊ မတ် ၂၄

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် တိုင်းရင်းသားပြည်သူများနှင့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်တို့ တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယနေ့ ဆွေးနွေးကြသည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီနေသော ပါမောက္ခဒေါ်မီမီဝင်းဘတ် နှင့် နယူးယောက်မြို့နှင့်အနီးဝန်းကျင်ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမများ၏ ယနေ့ တွေ့ဆုံပွဲတွင် လက်ရှိ မြန်မာနိုင်ငံ အခြေအနေ နှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးကြကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နယူးယောက်မြို့ Queens ရပ်ကွက် ပီတိ လူကြီးများနားခိုရာဂေဟာခန်းမ တွင် မတ်လ ၂၃ ရက်(မြန်မာစံတော်ချိန် မတ်လ ၂၄ ရက်နေ့) မွန်းလွဲ ၂ နာရီ မှ ညနေ ၅နာရီ အထိ ကျင်းပခဲ့ကြောင်း၊ ဒေါက်တာမီမီဝင်းဘတ် နှင့် အတူနယူးယောက်မြို့ရှိ လူငယ် ၄ ဦး မှ လက်ရှိ မြန်မာ့ နိုင်ငံအရေး ကို ဆွေးနွေးကြကြောင်း၊တိုင်း

ရင်းသား ပြည်သူ ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article