29.6 C
Yangon

မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်သွား

Must read

မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်သွား

ရန်ကုန်၊ မတ် ၂၄

ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၂၃ ရက်နေ့ ည ၈ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် သန္တာ ၁၄ လမ်းတွင် နေထိုင်သည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ကြောင်း၊ အောင်ဆန်းဦးသည် လူငယ်များကို စစ်မှုထမ်းရန် အတွက် အတင်းအဓမ္မစာရင်းသွင်း လိုက်လံကောက်ခံနေသူဖြစ်ကြောင်း ၊ အောင်ဆန်းဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ထိမှန်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

ယင်းနောက် အောင်ဆန်းဦး၏ မိဘများက စစ်တပ်နှင့်ရဲကို အကြောင်းကြားသည့်အတွက် စစ်ကား ၃ စီး ရောက်ရှိလာပြီး ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးခဲ့သော်လည်း ပစ်ခတ်သော ရဲဘော်များကို ဖမ်းဆီးရရှိခြင်းမရှိကြောင်း သိရှိရသည်။

” မီးပြတ်နေတဲ့အချိန်မှာ ဝင်ရောက်ပစ်ခတ်တာပါ။ အောင်ဆန်းဦး လွတ်မြောက်သွားပါတယ်။ သန္တာ ၁၇ ၊ ၁၆ ၊ ၁၅ ၊ ၁၂ ၊ ၁၀ မှာက ကြံ့ဖွတ် ပျူတွေ ရပ်ကွက်ရုံးရဲ့ စကစအမာခံတွေများပါတယ်။ သန္တာ ၁၀ လမ်းမှာလည်း ဒေါက်တိုင် အာကျယ်မတစ်ဦးလည်းရှိသေးတယ်။ မနေ့ညက ပစ်ခတ်ခံရတော့ ဝဇီယာ နွယ်နီ ဘက်က အမာခံဒေါက်တိုင်တွေ၊ စက်မှုဇုန် ယန္တရားဘက်က အုပ်ကြီးဒေါ်မော်မော်အောင် တို့ ဒီကနေ့ ငြိမ်ကုန်ကြတယ်။ ‌‌ပစ်ခတ်ခံရတဲ့အောင်ဆန်းဦးမိသားစုလည်း ညတွင်းချင်း နေ ရာပြောင်းရွှေ သွားပါတယ်။ မနက်က ရဲတွေ လူတစ်ဦးကို ဖမ်းဆီးလာတာ သန္တာဘက်မှာ လူအများတွေ့ရတယ်။ တွေ့ရာ မြင်ရာ လျှောက်ဖမ်းတာလို့ပြောတယ်။ မြောက်ဥက္ကလာပ င ရပ်ကွက် က အုပ်ကြီးနဲ့အဖွဲ့ တိတ်ဆိတ် လူအိပ်ချိန် ညဘက်တွေမှာမှ ရုံးထဲမှာ ကြိတ်ပြီး စကစ နဲ့ ရဲ စကစအမာခံပျူနဲ့ အုပ်ကြီးဒေါ်မော်မော်အောင် ရပ်ကွက်လူကြီး လမ်းလူကြီးတွေ နဲ့အစည်းအဝေးထိုင်ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးပစ်ခတ်ခံရမှုအတွက် ပစ်ခတ်သွားသူများကို ဖမ်းဆီးရရှိနိုင်ရေး စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article