25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၂ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၂ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၂ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၁၄ ရက်နေ့တွင် စဝင်ကျေးရွာနှင့် ကျွန်းတောကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းကြောင့် စဝင်ကျေးရွာမှ နေအိမ် ၃၅ လုံးနှင့် ကျွန်းတောကျေးရွာမှ နေအိမ် ၇ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေလဲကရင် ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သား ကျေးရွာအတွင်း ဝင်ရောက် နေရာယူထားသည့်အတွက် နေအိမ်ပျက်စီးမှု စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

မတ်လအတွင်း မူးမြို့နယ်၌ အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကျေးရွာများ အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၁၈၄၂၂ ဦး အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ တံခွန်တိုင်၊ ရေတွင်းကုန်းလေး၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ ငနွားဆိပ်၊ အညာစု၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရေလဲ (ကရင်)၊ ရေလဲ (ဗမာ)၊ ရေလဲ (အနောက်)၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ ရွာကြီးအင်း၊ ကျွန်းကုန်း၊ တောင်စု (ရှေ့)၊ တောင်စု (နောက်)၊ တမာခေါ၊ ထွနီကုန်း၊ ဒုံးတို၊ လက်တက်ကြီး (ကရင်)၊ လက်တက်ကြီး (ဗမာ)၊ သင်္ကန်းဝင်း၊ ဝက်တူး (နောက်)၊ ကျေးပင်ပေါက် နှင့် ကွေ့ပင်ပေါက်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article