ရန်ကုန်၊ မတ် ၂၅
ချင်းပြည်နယ်၊ ဟားခါးမြိုနယ်တွင် ရဲတပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF – Hakha က ထုတ်ပြန်ထားသည်။
မတ်လ ၂၄ ရက်နေ့၌ ဟားခါးမြိုနယ်တွင် ရဲတပ်သား ၁ ဦးသည် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာ၀န်ထမ်းဆောင်လိုခြင်းမရှိသောကြောင့် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲတပ်သားကို CDF – Hakha က ဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လက်ရှိချိန်တွင် လွတ်မြောက်နယ်မြေကို ပိုဆောင်ထားကြောင်း၊ ဆက်လက်၍ အလင်းဝင်လိုသော စစ်ကောင်စီ တပ်သားများကို ဆက်၍လက်ခံသွားမည်ဖြစ်ကြောင်း CDF – Hakha က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဟားခါးမြိုနယ် #ရဲတပ်သား ၁ ဦး #အလင်းဝင်လာ