ရန်ကုန်၊မတ်၂၅
ပုလဲမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရန် မဲပေါက်ခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်တပ် ထိန်းချုပ် နယ်မြေမှ ထွက်ပြေးတိမ်းရှောင်လာသည့် မိသားစု တစ်စုကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက သွားရောက်တွေ့ဆုံကာ ငွေကျပ် ၅၀၀၀၀၊ အဝတ်အစားများ၊ပုဆိုး၊ထမိန်၊ခြင်ထောင်များ သွားရောက် ထောက်ပံ့ ပေးခဲ့ပြီး အားပေးစကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင်ပုလဲမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံကြမည့် ပြည်သူများအတွက် လုံခြုံရေး၊ နေထိုင်စားသောက်ရေးတို့အတွက် ပုလဲမြို့နယ် ပအဖ၊ပကဖ၊တပ်ရင်းတပ်ဖွဲ့ များမှ လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပေးနိုင်ရေးလည်း ပြင်ဆင်ထားကြောင်းသိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းရန် မဲပေါက် #ပြည်သူများကို ပုလဲ ပကဖ အဖွဲ့က ထောက်ပံ့လှူဒါန်း