25 C
Yangon

ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

Must read

ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ မတ် ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က ထောင်ထားသည့် မိုင်းကြောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ရေဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ခံသင်းတံတားတပ်စခန်းကို ရေးဘီလူး အဖွဲ့က သိမ်းပိုက်ရန် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ခံသင်းတံတားဂိတ်စခန်းကို ဝင်တိုက်တာ။ စခန်းကိုက ရနေပြီ။ ရန်သူ့အင်အားလည်းများတယ်။ စခန်းထဲရောက်ချိန် ရန်သူ့ထောင်တဲ့ မိုင်းကြောင့် ကျွန်တော့် ရဲဘော် ၂ ယောက်ကျတယ် လက်နက်တွေ ဆုံးသွားတယ်။ ၂ ယောက် မစိုးရိမ်ရဒဏ်ရာရတယ်။ ရန်သူ့ ဘက်ကတော့ ၅ ကောင်ကျတယ်။ ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

ခံသင်းတံတား တပ်စခန်းကို သိမ်းပိုက်ရာတွင်ရဲဘော်များ ထိခိုက် ကျဆုံးမှုရှိခဲ့သည့်အတွက် ရေးဘီးလူးအဖွဲ့အနေနှင့် ရဲဘော်များ ပြန်လည် သယ်ယူရေးကိုသာ အဓိက ဦးစားပေးသည့်အတွက် စခန်းသိမ်းခြင်း မလုပ်ဆောင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်ကာ ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article