25 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် လောင်းလုံး PDF က သတိပေး

Must read

လောင်းလုံးမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် လောင်းလုံး PDF က သတိပေး

ရန်ကုန်၊ မတ် ၂၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် သတိပေး ကြေညာချက် ထုတ်ပြန်ထားကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့တွင် လောင်းလုံး PDF က အကြမ်းဖက် စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လုပ်ကိုင်နေသော လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊အကြမ်းဖက် စစ်အုပ်စု၏ ဝန်ထမ်းများ အနေဖြင့် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း၊ သင်တန်းပေးခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာ ရောက်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ တိုင်ကြားထားတာတော့မရှိသေးပါဘူး။ အခုထိလည်း စစ်မှုထမ်းမဖြစ်သေးပါဘူး။ မဲဆွဲတာ စာရင်းကောက်တာတွေတော့ရှိနေပါတယ်။ စစ်မှုထမ်း လုံးလုံး ဖြစ်သွားရင်တော့ ကျနော်တို့လည်း ရွေးချယ်စရာမရှိဘူး။ စစ်ရေးအရပဲ အရေးယူရမှာပါ စစ်ရေး ပစ်မှတ်ထဲပါသွားမှာပေါ့” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အသိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နင်း အပြစ်ပေး အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများကို အကြမ်းဖက်မှုများတွင် အတင်းအဓမ္မပါဝင် စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများ အဖြစ် စေခိုင်းရန် ရည်ရွယ်၍ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို တရားမဝင် အတည်ပြု အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article