30 C
Yangon

မတ္တရာတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင်နေရာများကို RPG ဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ် ၆၃ လုံးပြာကျ

Must read

ရန်ကုန်၊ မတ် ၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို RPG ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၆၃ လုံးပြာကျခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာမှ အင်အား ၆၀ ခန့်ပါ စစ်တပ် စစ်ကြောင်း၊ တံငါကျေးရွာမှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် သဖန်းကိုင်းကျေးရွာမှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ၃ ကြောင်းသည် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးများကို စစ်ကြောင်းထိုး စီးနင်းခဲ့သောကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ကြောင်းသည် ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် ဆိပ်သာ ကျေးရွာမှ နေအိမ် ၄၄ လုံး၊ အုန်းကုန်းကျေးရွာမှနေအိမ် ၃ လုံး၊ ကွေ့ကြီးကျေးရွာမှ နေအိမ် ၁၃ လုံး၊ ကျွဲတပ်ကျေးရွာမှ နေအိမ် ၁ လုံး၊ ကျွဲကျကျေးရွာမှ နေအိမ် ၂ လုံး စုစု‌ပေါင်း နေအိမ် ၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိပ်သာရွာနှင့် ကျွဲကျရွာအနီး စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို RPG ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆိပ်သာကျေးရွာမှ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မတ္တရာ #RPG ဖြင့် ပစ်ခတ်မှု #စစ်တပ်က မီးရှို့ဖျက်ဆီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article