30 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၆ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေပြီး လက်နက်ချအညံ့ခံသူ ၂၃ ဦး ရှိကာ လက်နက် ၂၇ လက်နှင့် ခဲယမ်း အများအပြားသိမ်းဆည်းရရှိတယ်လို့ Lion Battalion ဗျုဟာစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်အညာသားက ပြောပါတယ်။
  • ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရဲစန်းကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး လူနာတင်ကား ၂ စီး ရဲစခန်းထဲ ဝင်ရောက်သွားတယ်လို့ Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောပါတယ်။
  • ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ဖိတ်ခေါ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က တရားဝင်စတင်ဖိတ်ခေါ် လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article