35 C
Yangon

ရန်ကုန်တိုင်း၊ မြို့နယ်အသီးသီးမှ စစ်မှုထမ်းရန် မဲပေါက်ထားသူများ၊ စာရင်းအတည်ပြုထားပြီးသူများကို တိုင်းအစိုးရရုံးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက မတ်လ ၂၈ ရက်နေ့ အရောက်ပို့ဆောင်ပေးရန် ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၂၆

ရန်ကုန်တိုင်း၊ မြို့နယ်အသီးသီးမှ စစ်မှုထမ်းရန် မဲပေါက်ထားသူများကို မတ်လ ၂၈ ရက်နေ့ တိုင်းစစ်ကောင်စီရုံးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက အရောက်ပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်၊ မြို့နယ်အသီးသီးမှ စစ်မှုထမ်းရန် အတည်ပြု စာရင်းပေးပြီးသူများ(မဲပေါက်ထားသူများ)ကို မတ်လ ၂၈ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းရှိ တိုင်းစစ်ကောင်စီရုံးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ခံများက တာဝန်ယူ အရောက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

အကယ်၍ စစ်မှုထမ်း အတည်ပြုစာရင်းတွင် ပါထားပြီးသူများ၊ မဲပေါက်သူများက နေထိုင်ရာလိပ်စာတွင် မရှိတော့လျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးသွားလျှင်လည်းကောင်း၊ အစားထိုးရမည့်သူများကို ချက်ချင်းရှာဖွေ၍ သတ်မှတ်အင်အားအတိုင်း မဖြစ်မနေ ပြည့်မီအောင် လူများအရောက်ပေးပို့ရန် လည်း ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

လတ်တလောတွင် ပထမဆုံးအသုတ်အဖြစ် ရန်ကုန်မြို့နယ်အသီးသီးမှ ခေါ်ယူခံရမည့် စစ်မှုထမ်းများတွင် ဝင်ငွေနည်း အောက်ခြေလူတန်းစား လူငယ်များ အများဆုံးပါဝင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo-AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရန်ကုန်တိုင်း #စစ်မှုထမ်းရန် မဲပေါက်ထားသူများ #မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ

ရန်ကုန်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article