38 C
Yangon

ဆားတောင်နယ်မြေရဲစခန်းနှင့် ဘုတလင်မြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်း ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Royal Falcon Guerilla Force တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၃ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်မြေရဲစခန်းရှေ့၌ ဆက်ကြေးကောက်နေ သော ရဲများကို ဗုံးသီး တစ်လုံး၊ ဘန်ကာအနီးတစ်လုံး၊ ရဲစခန်းအတွင်းတစ်လုံးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla ForcePhoenix (SGG)Sagaing ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ အညာသားလေး (SGG)စစ်ကိုင်းခရိုင် တပ်ရင်း ၇ နှင့် စစ်ကိုင်းမြို့နယ် ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်အဟုန်မြှင့်တက်လျက်ရှိရာ ပြည်သူများအနေဖြင် အသွား အလာ ဂရုတစိုက် ဆင်ခြင်ပေးကြပါရန်နှင့် အကြမ်းဖက်စစ်သား၊ ရဲ၊ အကြမ်းဖက်စစ်ထောက်တိုင် များ၏ အနီးအနား နေရာများ၌ သွားလာနေထိုင်ခြင်းမပြုရန် Royal Falcon Guerilla Force တပ် ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ မိုးကိုယ်ပိုင်အထက်တန်းကျောင်းအတွင်း တပ်စွဲထားသော အ ကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Chindwin Brother တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မတ်လ ၂၁ ရက်နေ့က ဘုတလင်မြို့ပေါ်ရှိ မိုးကိုယ်ပိုင်အထက်တန်းကျောင်း အတွင်း၌ အကြမ်းဖက် စစ်သား အနည်းငယ်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်သားများကို ဒရုန်းလေယာဉ်ငယ် ၃ စီးဖြင့် ဗုံး သီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သာများထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“အထိုင်ချတာထားဆိုတော့ အင်အားက သိပ်မများဘူး၊ ထိခိုက်မှုတော့ရှိတယ်၊ ကျနော်တို့ ဒရုန်းတစ် စီးတော့ ပြန်မရခဲ့ဘူး၊ အမြင့်ပေနည်းသွားတော့ Jammer နဲ့ တိုးသွားပုံရတယ်၊ ကိုယ့်ဘက်က ပေါ့ဆ သွားတာပါတာပေါ့” ဟု Chindwin Brother တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers တပ်ဖွဲ့ DGF ခွဲLion – LPDF နှင့် နယ်မြေ ၇ တိုက် နယ်မှူးတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းလေယာဉ်ငယ် တစ်စီးပျက်ကျကာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဆားတောင်နယ်မြေရဲစခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article