25 C
Yangon

မြန်မာ့ရွှေစျေးနှုန်း ထပ်မံ စံချိန်တင် တက်သွားပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၃ သိန်းကျော်အထိ စျေးထိုးတက်၊ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးကျနေ

Must read

ရန်ကုန်၊ မတ် ၂၆

ပြည်တွင်းရွှေစျေးကွက်တွင် မြန်မာ့ရွှေစျေးနှုန်းသည် ထပ်မံ စံချိန်တင်မြင့်တက်သွားပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၃ သိန်းကျော်အထိ စျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် မီးလင်းရွှေ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၄၂ သိန်း ၉ သောင်း ၅ ထောင် (၄,၂၉၅,၀၀၀) ကျပ်ဖြင့် စျေးပိတ်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၂ သိန်း ၉ သောင်း (၄,၂၉၀,၀၀၀) ကျပ်ဖြင့် စျေးဖွင့်ခဲ့သော်လည်း ဒေါ်လာတန်ဖိုးတက်သဖြင့် ရွှေစျေးမှာ ၄၃ သိန်းကျော်အထိ ထိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကမ္ဘာ့စျေးကလည်း အမြင့်ပိုင်းမှာရှိတယ်။ မြန်မာ့ရွှေစျေးကတော့ ဒေါ်လာတန်ဖိုးတက်တယ်။ အဲဒီတော့ ရွှေစျေးပါ လိုက်တက်တာ။ အခုတော့ ၄၃ သိန်း ၁ သောင်းကျော်လောက်ရှိတယ်။ အဝယ်များတယ်။ အရောင်းမရှိဘူး” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၇၈၀ ပတ်ဝန်းကျင်တွင် စျေးပေါက်နေကြောင်း၊ နိုင်ငံခြားငွေလဲနှုန်းများအားလုံး တန်ဖိုးမြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုးထိုးကျနေကြောင်း၊ ထိုင်းဘတ်တစ်ဘတ်လျှင်လည်း ငွေကျပ် ၁၀၄ ကျပ်ဝန်းကျင်လည်း စျေးပေါက်နေကြောင်း သိရှိရသည်။

“ကျပ်ငွေကတော့ တန်ဖိုးက ကျပြီးကျပဲ။ ထိုင်းဘတ်လည်း တောက်လျှောက်အတက်ပဲ။ ထိုင်းဘက်မှာ ကွန်ဒိုအဝယ်တွေ ထိုးတက်နေတာကလည်း အကြောင်းတစ်ခုပဲ”ဟု ရန်ကုန်ငွေလဲဒိုင်တစ်ဦးက ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ NLD လက်ထက်တွင် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် မြန်မာ့စီးပွားရေါ် ကျဆင်းခဲ့ရသော်လည်း ၎င်း၏ စွမ်းဆောင်မှုကြောင့် စီးပွားရေး ပြန်လည် ဦးမော့လာပြီဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာ့ရွှေစျေးနှုန်း ထပ်မံ စံချိန်တင် တက် #မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးကျ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article