25 C
Yangon

ချောင်းဦးမြို့နယ်၊ မုံရွေးဈေးကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ပေါက်ခေါင်းမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွေးဈေးကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွေးစျေးကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်စီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို BLDF တပ်ခွဲ အညာမိုင်း အဖွဲ့က ချောင်းဦးမြို့ အဝင်တွင် ပဒေသာမိုင်း ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

“မုံရွေးစျေးကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်ခွေးကို ချောင်းဦးမြို့အဝင်မှာ ပဒေသာမိုင်း ၃ ပွိုင့်နဲ့ ဒီနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မျက်မြင် စစ်ခွေး ၄ ကောင် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများနိုင်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ချောင်းဦးမြို့နယ် ထွေအုပ်ရုံးကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဘာမြူဒါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါက်ခေါင်းမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ဒီကောင်တွေက ရပ်ရွာတွေ စစ်ကြောင်းထိုးပြီး မီးရှို့နေလို့ တော်လှန်ရေးအဖွဲ့တွေက မြို့ပေါ်တက်ပြီး ဆော်တာပါ။ အဲကောင်တွေက ရွာတွေဆင်းပြီး မီးရှို့နေတာကို မကျေနပ်လို့ လုပ်တာ” ဟု ဘာမြူဒါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ၃၆၀၂ တပ်ရင်း နှင့် ဘာမြူဒါ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် စစ်တပ်က တပ်စွဲထားသော ရုံးများကို ဦးတည် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article