25 C
Yangon

မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ မိုင်းရှင်းရန် ထွက် လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၃ ရက် ညနေ ၃ နာရီ ၃၄ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှ အိမ်စီးကားတစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် မိုင်းရှင်းရန် ထွက်ခွာလာသော စစ်သား များကို ညနေ ၅ နာရီ မိနစ် ၃၀ အချိန် မုံရွာ -ချောင်းဦးလမ်းပေါ်ရှိ မိုင်းကွင်းအတွင်းအရောက် ပဒေ သာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သူများလည်းရှိကြောင်း သိရသည်။

“၃ ကောင်သေတယ်လို့ သတင်းရတယ်၊ ဒဏ်ရာရတာတွေလည်း ရှိတယ်ဗျ၊ အရင်လိုတော့ စုံစမ်းရ တာတော့ သိပ်မလွယ်တော့ဘူး၊ သတင်းရတဲ့ဟာကတော့ အတိအကျ ရတာပါ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force မှ ဦးဆောင်ပြီး မုံရွာခရိုင် တပ်ရင်း ၁၁ ၊ တပ်ခွဲ ၂ Black Hunter People’s Task Force နှင့် People’s Defense Force -Aerial Hunter တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article