26 C
Yangon

Breaking News – မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းမှ ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး မဟူရာသုသာန်အတွင်း ပျက်ကျ

Must read

ရန်ကုန်၊ မတ် ၂၆

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းမှ ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး မဟူရာသုသာန်အတွင်း ပျက်ကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့နယ်၊ ရှမ်းတဲကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ရှမ်းတဲလေတပ်စခန်းမှ ရဟတ်ယာဉ် ၁ စီးသည် စက်ချို့ယွင်းပြီး မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်အနီးရှိ မဟူရာသုသာန်အတွင်းပျက်ကျခဲ့ကြောင်း၊ လေယာဉ်မောင်းသူ ၂ ဦး အသက်သေဆုံးခြင်းမရှိဘဲ ထိခိုက် ဒဏ်ရာရရှိထားကြောင်း သိရသည်။

“မိတ္ထီလာ ရှမ်းတဲလေတပ်က ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး မဟူရာ သင်္ချိုင်းပေါ် ပျက်ကျတာ လေယာဉ် မောင်းတဲ့ကောင် ၂ ကောင်ကတော့ ရွာသားတွေက အပြင်ဆွဲထုတ်ပေးတားတာ မသေဘူး။ အခု စစ်ခွေးတွေ ရောက်လာပြီးလမ်းတွေ အကုန်ပိတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ရှမ်းတဲလေတပ်စခန်းသည် မိတ္ထီလာမြို့နယ်၊ ရှမ်းတဲကျေးရွာအနီးတွင်ရှိပြီး လေကြောင်း အတတ်သင်လေတပ်စခန်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မဟူရာသုသာန် #မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article